Pages

Friday, June 19, 2009

HAPPY BIRTHDAY TO DASSK



WISH YOU BE FREE FROM PRISON FOR BURMA!!
FREE BURMA WITH YOU FROM COWARD SPDC!!

Type the rest of your post here.

Friday, June 5, 2009

Obama’s Speech in Cairo

No matter where it takes hold, government of the people and by the people sets a single standard for all who hold power: you must maintain your power through consent, not coercion; you must respect the rights of minorities, and participate with a spirit of tolerance and compromise; you must place the interests of your people and the legitimate workings of the political process above your party. Without these ingredients, elections alone do not make true democracy.
http://www.nytimes.com/2009/06/04/us/politics/04obama.text.html?pagewanted=6&_r=3
Type the rest of your post here.

Thursday, May 28, 2009

အော်မြန်မာ့အရေး


မြန်မာ့အရေးဖြစ်လာတိုင်း

တခြားဦးစားပေးရမယ့် အရေးတခုကပေါ်ပေါ်လာတယ်....
အခုလည်း ငတ်လို့ ဗုံးထခွဲတဲ့ မြောက်ကိုရီးယားအရေးက ထပ်ပေါ်လာတယ်...

ကိုပေါ်ဦး နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး၊ အန်တီနှင့်တကွ အမြန်ဆုံးလွတ်မြောက်ပါစေ...

Friday, March 6, 2009

နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး

မောင်ဝံသ (Forwarded by FAC yahoo group)

( ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် Popular News journal ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါးကို မျှဝေ ဖော်ပြပေး လိုက်ပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ ပြည်တွင်း ဂျာနယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ပိုပြီး ဖော်ပြ ခွင့်ပြုလာတာကို သတိထားမိပါတယ်။ တင်းပြည့် ကျပ်ပြည့် လွတ်လွတ် လပ်လပ် ဆွေးနွေး ရေးသားခွင့် မရှိသေးပေမယ့် အခုလို ဆောင်းပါး လေးတွေကို တွေ့လာရတာဟာ တိုးတက်တဲ့ ပြောင်းလဲမှု တစ်ခုအဖြစ် မှတ်ယူမိပါတယ်။ )

ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ပြီဆိုရင် ပါလီမန် (လွှတ်တော်) ရှိလာမယ်။ အဲသည် လွှတ်တော်သို့ ပြည်သူများက ရွေးကောက် တင်မြှောက်တဲ့ “အမတ်” ခေါ် လွှတ်တော် ကိုယ်စားလှယ်များ ရှိလာမယ်။ (အမတ်ဆိုတာ တည်ကြည် ဖြောင့်မတ်စွာ ဆောင်ရွက်သူလို့ ဆိုလိုပါတယ်) ၎င်းအမတ်များကို ရွေးကောက် တင်မြှောက်တဲ့ ရွေးကောက်ပွဲတွေ ရှိလာမယ်။ ရွေးကောက်ပွဲ တွေမှာ ပါဝင် ယှဉ်ပြိုင်မယ့် အမတ်လောင်းများ ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီများ ရှိလာမယ်။ သို့အားဖြင့် နိုင်ငံရေး သမားများလည်း ရှိလာမယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံကြမှာပါ. . .

နိုင်ငံရေးသမား အရည်အချင်း

ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ရမယ့် နိုင်ငံရေးသမားတွေဟာ ဘယ်လို အရည်အချင်းတွေ ရှိသင့်သလဲ။ ပြည်သူတွေက ဘာကိုကြည့်ပြီး မဲပေးကြမှာလဲ။ သည်အချက်တွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အလွန် အရေးပါ ပါတယ်။

နိုင်ငံရေးသမား ဆိုတာ အထက်တန်းလွှာ၊ လူလတ်တန်းစား၊ ပညာတတ်၊ နိုင်ငံ့ဝန်ထမ်းဟောင်း၊ သူဌေး ဘယ်သူ ဖြစ်ရမယ်၊ ဘယ်သူတော့ မဖြစ်ရဘူးဆိုတာ အကန့်အသတ် မရှိပါဘူး။

ဆရာဝန် တစ်ယောက် ဖြစ်ဖို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဆေးတက္ကသိုလ် စသည်ဖြင့် အနည်းဆုံး ၁၇ နှစ်လောက် ပညာ သင်ကြားရမယ်။ အနည်းဆုံး တစ်နှစ် အလုပ်သင်အဖြစ် အတွေ့အကြုံ ယူရမယ်။ ဘာကြောင့် သည်လောက် နှစ်တွေများများ သင်ကြား လေ့ကျင့်ရသလဲ ဆိုတော့ ဆရာဝန်ဆိုတာ လူ့အသက်နဲ့ စပ်ပြီး အလုပ်လုပ် ကြရတာကိုး။ တတ်ယောင်ကား ဆရာဝန် လက်ထဲ ရောက်သွားလို့ကတော့ အသက်ပါ ဆုံးရှုံးရနိုင်တယ်။

ဒါဆိုရင် ဆရာဝန် တစ်ယောက်ရဲ့ အရည်အချင်း မပြည့်စုံမှုဟာ တစ်ကြိမ်မှာ လူတစ်ယောက် အသက်လောက်ပဲ ဆုံးရှုံးနိုင်တယ်။ တိုင်းပြည် ကံကြမ္မာကို ၀ကွက် အပ်ရမယ့် နိုင်ငံရေး သမားတွေ အရည်အချင်း မပြည့်စုံရင်၊ အမြော်အမြင် မရှိရင် (ဥပမာ- မဖြစ်သင့်ဘဲ စစ်ဖြစ်သွားခဲ့ရင်) လူ့အသက်ပေါင်း ရာထောင်ချီ ဆုံးရှုံးရနိုင်တယ်။ ဥပမာ- စီးပွားရေး မူဝါဒ တစ်ချက် မှားလိုက်ရင် တိုင်းပြည် မွဲသွားနိုင်တယ်လို့ မပြောနိုင်ဘူးလား။

ဒါကြောင့် နိုင်ငံရေးသမားဟာ တခြား အသက်မွေး ၀မ်းကျောင်း သမားတွေထက် အရေးကြီးတယ်။ အမြော်အမြင် ရှိဖို့ လိုတယ်။ သည်တော့ နိုင်ငံရေးသမား ဖြစ်ဖို့ ဘာအရည်အချင်း လိုအပ်သလဲ။

အမေရိကန် စာရေးဆရာ ရော်ဘင်ရေဗင်က “နိုင်ငံရေးသမားမှာ ပထမဆုံး လိုအပ်တဲ့ အရည်အချင်းက နိုင်ငံရေး လုပ်ချင်စိတ်ပဲ။ နိုင်ငံရေးသမား လုပ်တော့မယ်ဆိုရင် ဦးဆုံး မိမိကိုယ် မိမိ ဆန်းစစ်ဖို့က တကယ် နိုင်ငံရေးလုပ်ချင်ရဲ့လား ဆိုတာပဲ” လို့ ရေးခဲ့ဖူးတယ်။

ရော်ဘင်ရေဗင်က “နိုင်ငံရေးသမားဟာ မွေးရာပါ ပါရမီရှင် ဖြစ်ဖို့မလိုဘူး။ တချို့ ငယ်ငယ်လေး ကတည်းက နိုင်ငံရေးသမား လုပ်ချင် ဖြစ်ချင်တဲ့ ရည်မှန်းချက် ထားရှိခဲ့ကြပေမယ့် ဖြစ်မလာသူတွေ အများကြီးပဲ။ တချို့ကျတော့ မတော်တဆ နိုင်ငံရေး နယ်ထဲ ရောက်ပြီး အောင်မြင်သွားတတ်ကြတယ်။ အမေရိကန် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်ရေဂင်ဟာ ရုပ်ရှင်မင်းသားဘ၀ကနေ နိုင်ငံရေးနယ်ထဲ ရောက်ပြီး သမ္မတအထိ တက်ဖြစ်ခဲ့တယ် မဟုတ်လား”လို့ ထောက်ပြတယ်။

ပြီးတော့ နိုင်ငံရေးသမား ဖြစ်လာဖို့ အကြောင်းတရားတွေကို ဆက်ရေးတယ်။

(၁) နိုင်ငံရေးသမားလုပ်ဖို့ မဆုံးဖြတ်ခင် နိုင်ငံရေးသမား ဖြစ်ချင်တဲ့ ဆန္ဒ ဘယ်ကလာသလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဘာကြောင့် နိုင်ငံရေး လုပ်ချင်သလဲဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြမယ်။ အကြောင်းရင်းအမှန်ကို ဘယ်သူ့ကိုမှ ပြောပြစရာ မလိုဘူး။ တိုင်းရေး ပြည်ရေးကို ကိုယ့်နယ်ပယ် ဒေသအကျိုးကို တကယ် နှစ်နှစ်ကာကာ လုပ်ချင်လို့ ဖြစ်ချင် ဖြစ်မယ်။ ဘ၀တက်လမ်း ရှာချင်လို့ ဖြစ်ချင် ဖြစ်မယ်။ အာဏာရရင် ငါနှင့် မတူ ငါ့ရန်သူတွေကို မှတ်လောက် သားလောက် ဆော်လိုက် နှက်လိုက်မဟဲ့ ဆိုတဲ့ ဒေါသဇောကြောင့် ဖြစ်ချင် ဖြစ်မယ်။ ကိုယ့်အကြောင်း ကိုယ်ပဲ သိတယ်တော့ မထင်နဲ့။ ကြာလာတဲ့အခါ ကျတော့ ပြည်သူတွေကလည်း သိလာမှာပဲ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး လုပ်ချင်စိတ် အလွန်အမင်း ပြင်းပြနေပြီဆိုရင် ဆုံးဖြတ်ချက်ချပါ။

(၂) နိုင်ငံရေးပါတီ ရွေးပါ။ နိုင်ငံရေးသမား လုပ်ပြီဆိုရင် ခြံစည်းရိုး ခွထိုင်လို့ မရပါ။ မိမိခံယူချက်တွေနဲ့ ကိုက်ညီတဲ့ ပါတီရှိနိုင်သလို ပါတီတွေရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို လေ့လာပြီး မိမိက နှစ်သက် သဘောကျတဲ့ ပါတီကိုလည်း တွေ့နိုင်တယ်။ မိမိ နိုင်ငံရေး စိတ်ဝင်စားကြောင်း သိလို့ ချဉ်းကပ် စည်းရုံးတာတွေနဲ့လည်း ကြုံရတတ်တယ်။ ပါတီက မိမိကို မရွေးပါစေနဲ့။ မိမိက ပါတီကို ရွေးပါ။ ပါတီမူဝါဒနဲ့ လုပ်ငန်းစဉ်ပြီးရင် သေသေချာချာ ကြည့်ရမှာက (က) ပါတီခေါင်းဆောင်မှု၊ (ခ) ပါတီမှာ မိမိတွဲဖက် လုပ်ဆောင်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ။

(၃) သင်ပါဝင် ဆောင်ရွက်မယ့် ပါတီ ရွေးပြီးရင် သင်ကြည်ညို လေးစားတဲ့ ခေါင်းဆောင် တစ်ဦးဦးနဲ့ ဆွေးနွေးပါ။ လူချင်း မတွေ့နိုင်ရင် စာရေးဆက်သွယ်ပြီး တိုင်ပင်ပါ။ သင်သိချင်တာတွေ မေးပါ။ သင်ဖြစ်ချင်တာတွေ တင်ပြပါ။ သင့်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါ။

(၄) အောက်သက်ကျေပါစေ။ ပါတီမှာ သင်ထမ်းဆောင်နိုင်မယ့် တာဝန်ကို စေတနာ့ ၀န်ထမ်းလုပ်ပေးပါ။ အချိန်ပြည့် လုပ်နိုင်သလား။ အချိန်ပိုင်း လုပ်နိုင်သလား၊ သင်ပေးနိုင်တဲ့ အချိန်ကို မိမိနယ်မြေ တာဝန်ခံထံ သတင်းပို့ပါ။

(၅) လေ့လာ ဆည်းပူးမှု အဆက်မပြတ်ပါစေနှင့်။ အထူးပြု လေ့လာမှုနှင့် အထွေထွေ လေ့လာမှု နှစ်မျိုးစလုံးကို ဆက်လုပ်ပါ။ ဥပမာ- သင့်ကို မော်တော်ယာဉ် လုပ်သားများ စည်းရုံးရေးအတွက် တာဝန်ပေးထားရင် မော်တော်ယာဉ် လုပ်သားများရဲ့ ဘ၀၊ သူတို့ရဲ့ လိုအင်ဆန္ဒ၊ သူတို့အတွက် လိုအပ်ချက် စတာတွေကို အထူးပြု လေ့လာနေရမယ်။ တစ်ချိန်တည်းမှာ တစ်နိုင်ငံလုံးက အလုပ်သမား ရေးရာတွေကိုလည်း မျက်ခြည်မပြတ်ရဘူး။

(၆) အချိန်တန်ပြီဆိုရင် အဆင့်ဆင့်သော ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပါ။ သည်လိုနဲ့ပဲ သင်ဟာ နိုင်ငံရေး သမားကောင်း တစ်ယောက် အဖြစ် ဘ၀ကို နေသွားလို့ ရပါတယ်။

ကျောင်းနေကတည်းက လေ့ကျင့်ပေးရမယ်

ရော်ဘင်ရေဗင်က နိုင်ငံရေးသမား ပျိုးထောင်မှုအကြောင်းကို ဆက်ရေးတယ်။ သူက နိုင်ငံတစ်နိုင်ငံဟာ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေး သမားကောင်းတွေ အရေအတွက်များမှ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ကြီးပွား တိုးတက်မယ်လို့ ယုံကြည်ဖို့ လိုတယ်တဲ့။ ဒါကြောင့် စာသင်ကျောင်းတွေကနေ နောက်မျိုးဆက်အတွက် နိုင်ငံရေးသမားတွေ လေ့ကျင့် ပျိုးထောင်ပေးရမယ်လို့ သူက တိုက်တွန်းတယ်။ ကျောင်းတွေမှာ အသင်းအဖွဲ့တွေကို ဦးဆောင်မယ့် ကျောင်းသား အမှုဆောင် လူကြီးရွေးပွဲတွေ လုပ်ပေးရမယ်။ လွတ်လပ်တဲ့ လျှို့ဝှက်မဲပေးစနစ်ကို လေ့ကျင့်ပေးရမယ် စာတော်နေရုံနဲ့ မပြီး ပေါင်းသင်း ဆက်ဆံရေး ၀င်ဆံ့မှ လူချစ်လူခင်များမှ ထောက်ခံဆန္ဒမဲ များများရမှာဆိုတဲ့ အသိကို သွတ်သွင်း ပေးရမယ်လို့ သူ့ရဲ့စာတမ်းမှာ ရေးသားထားပါတယ်။

ဆက်လက်ပြီး ပါလီမန် မိခင်နိုင်ငံကြီးလို့ ထင်ရှားတဲ့ ဗြိတိန်နိုင်ငံက “နိုင်ငံရေးသမား အကြောင်း သိကောင်းစရာ” မှတ်စုလေး တစ်ခုကို မြန်မာပြန် တင်ပြလိုက်ပါတယ်။ ယခုတင်ပြချက်ဟာ သူတို့ဆီက ကျောင်းသား လူငယ်လေးများကို ဗဟုသုတအဖြစ် သင်ပေးတဲ့ သင်ခန်းစာဖြစ်လို့ လိုရင်း အချက်များကိုပဲ ဖော်ပြထားပါတယ်။

နိုင်ငံရေးသမားဆိုတာ

သူတို့ဆီမှာ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးပါတီ တစ်ခုခုမှာ ပါဝင်ဆောင်ရွက်နေသူ၊ ပါလီမန် အမတ်၊ ရွေးကောက် တင်မြှောက်ခံ ရာထူးဌာနနန္တရ တစ်ခုခုမှာ ၀င်ရောက် အရွေးခံသူ၊ သက်ဆိုင်ရာ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးပေးသူတွေကို ခေါ်ပါတယ်။

ပါလီမန် အမတ်ဖြစ်သွားရင် လစာ တစ်နှစ် ပေါင် ၆၀၀၀၀ မှ ပေါင် ၁၃၆၄၀၀ ရပါတယ်။

အမတ်တွေမှာ အလုပ်ချိန်ရှိတယ်။ ရက်သတ္တတစ်ပတ်လျှင် လန်ဒန်မှာ လေးရက်၊ မိမိရဲ့ မဲဆန္ဒနယ်မှာ တစ်ရက်နေကြရတယ်။

အရည်အချင်းအားဖြင့် ပါလီမန်အမတ် အများစုဟာ GCSE အောင်ပြီးသူ၊ A အဆင့်နဲ့ အောင်သူ၊ ဘွဲ့တစ်ခုခု ရပြီးသူတွေ ဖြစ်တယ်။

ပါလီမန် အမတ် (MP-Members of Parliament) ဆိုတာ မဲဆန္ဒနယ် အသီးသီးက မဲဆန္ဒရှင် ပြည်သူတွေကိ ရွေးကောက် တင်မြှောက်လိုက်သူ ဖြစ်တယ်။ အမတ်အများစုဟာ နိုင်ငံရေးပါတီများကို ကိုယ်စားပြုတယ်။ အမတ် အနည်းစုကတော့ တစ်သီး ပုဂ္ဂလ ၀င်အရွေးခံခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှာ အမတ်လစာက တစ်နှစ်အတွက် ပေါင် ၆၀၀၀၀၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးက ပေါင် ၁၃၆၄၀၀ ရပါတယ်။

စေတနာ့ဝန်ထမ်း အလုပ်မဟုတ်

ဗြိတိသျှ နိုင်ငံရေး လောကမှာ နိုင်ငံရေးသမားဆိုတာ ဂုဏ်သိက္ခာ ရှိတဲ့ အလုပ်ဖြစ်တယ်။ စေတနာ့ဝန်ထမ်း အလုပ်လို့ မခေါ်ပါဘူး။ လခကြေးငွေ ရသော တာဝန်ရှိသော အလုပ် (job)လို့ သုံးနှုန်းပါတယ်။ အချိန်ပို လုပ်ကိုင်ရတဲ့ အခါများမှာ လွှတ်တော် စီမံဌာနကို စာရင်းပေးပို့ပြီး အိုဗာတိုင် တောင်းနိုင်ပါသေးတယ်။

ပါလီမန် အမတ်တစ်ယောက် ဖြစ်ဖို့ ပညာအရည်အချင်း ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ သို့သော် ဗြိတိန်က အမတ်အားလုံး လောက်ဟာ အနိမ့်ဆုံးအားဖြင့် အထက်တန်းအောင်ပြီး သူများဖြစ်တယ်။ သူတို့ဆီမှာ (General Certificate of Secondary Education-GCSE) လို့ ခေါ်တယ်။ ပြီးတော့ အေအဆင့် (A Level grades) အောင်ပြီးသူနဲ့ ဘွဲ့ရပြီးသူတွေ များပါတယ်။



ဗြိတိန်မှာ နိုင်ငံရေးထဲ မ၀င်ခင် တခြား အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုခုကို လုပ်ခဲ့ကြတာ များတယ်။ နောက်လေး ငါးဆယ်နှစ် လောက်နေမှ နိုင်ငံရေး ၀င်လုပ်လေ့ ရှိတယ်။ တချို့ကျတော့ လက်ရှိပါလီမန် အမတ်တစ်ယောက် ယောက်ဆီမှာ သုတေသနမှူး၊ လူမှု ဆက်ဆံရေးမှူး၊ အကြံပေးစသည်ဖြင့် အချိန်အတော် ကြာကြာ ၀င်လုပ်ပြီးမှ ရွေးကောက်ပွဲ ၀င်တယ်။ အချို့ပုဂ္ဂိုလ်တွေကတော့ ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ လူကြီးနေရာတွေ အတွက် ရွေးကောက်ပွဲဝင် အရွေးခံတာကို အရင်လုပ်တယ် (မြူနီစီပါယ် ရွေးကောက်ပွဲလို့ ခေါ်ပါတယ်)။

စိတ်ချရတော့မှ ရွေးကောက်ပွဲဝင်

ဗြိတိသျှ နိုင်ငံရေး သမားတွေထဲမှာ စိတ်ကူးပေါက်လို့၊ ကြုံကြိုက်လို့၊ အဖော်ကောင်းလို့ နိုင်ငံရေး ၀င်လုပ်တယ် ဆိုတဲ့သူ မရှိသလောက်ပါပဲတဲ့။ နိုင်ငံရေး စိတ်ထက်သန်သူတွေဟာ ကောလိပ်ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး စိုက်လိုက်မတ်တတ် လေ့လာခဲ့ကြတယ်။ စာတွေ့၊ ကိုယ်တွေ့ လေ့လာ ဆည်းပူးကြတယ်။ မဲဆန္ဒရှင် ပြည်သူတွေ ယုံကြည် ကိုးစားလောက်တဲ့ အရည်အချင်း မိမိမှာ အထိုက်အလျောက် ရှိနေပြီလို့ စိတ်ချရတော့မှ ရွေးကောက်ပွဲဝင် အရွေးခံကြတာ ဖြစ်တယ်။

တစ်နည်းပြောရရင် ဗြိတိန်က နိုင်ငံရေးသမားတွေဟာ ဆရာဝန်လုပ်မယ်လို့ ဘ၀ရည်မှန်းချက်ထားသူ၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဘ၀ရည်မှန်းချက်ထားသူတွေ ဆိုင်ရာ ဆိုင်ရာ ပညာရပ်တွေကို နှစ်မြှုပ်လေ့လာ ဆည်းပူးကြသလို နိုင်ငံရေးပညာကို လေ့လာ ဆည်းပူးခဲ့ကြတာ ဖြစ်တယ်။ မိမိသဘောကျတဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်ကိုလည်း အဲဒီကာလ ကတည်းက ရွေးချယ်လေ့ရှိတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးရင် မဲပေးလို့ရတယ်။ အရွေးခံလို့ ရတယ်။ အဲသည်အချိန်မှာ နိုင်ငံရေး စိတ်သန်သူဟာ Political activist လို့ ခေါ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ် ကွန်ဆာဗေးတစ်၊ လေဘာ၊ လစ်ဘရယ် ကြိုက်ရာ ပါတီတစ်ခုခုမှာ ပါဝင်လုပ်အားပေးလို့ ရတယ်။ အဓိကတော့ နယ်မြေဆိုင်ရာ ရွေးကောက်ပွဲတွေ၊ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အောင်နိုင်ရေး အဖွဲ့ဝင်ခေါ် မဲဆွယ်သူများ အဖြစ် ပါဝင် လှုပ်ရှားရတာ ဖြစ်တယ်။

အောက်ခြေသိမ်း နိုင်ငံရေးသမား

အဲသည် အဆင့်မှာပဲ တစ်သက်လုံး နေသွားပြီး ပါဝင်အရေးခံတဲ့ အချိန်ပြည့် နိုင်ငံရေးသမား အထိ မလုပ်ဘဲ နေသူတွေလည်း အများကြီး ရှိတယ်။ သူတို့ကို အောက်ခြေ သိမ်း နိုင်ငံရေးသမား (grass roots politicians)တွေလို့ ခေါ်ပါတယ်။ သူတို့လို လူတွေများများ ရှိမှ နိုင်ငံရေး ပါတီတစ်ရပ်ဟာ အခြေခိုင်ပါတယ်။



ရွေးကောက်ပွဲတွေမှာ ပါဝင် အရွေးခံတဲ့အထိ ဆက်လုပ်သွားမယ့် လူတွေကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြည်သူလူထု ယုံကြည် ကိုးစားလောက်တဲ့ ပုဂ္ဂိုလ်အဖြစ် ပုံရိပ်ပေါ်လာအောင် မိမိကိုယ်ကို ဖြည့်ဆည်းနေရပါတယ်။

တစ်ဦးတည်း အရွေးခံရတာမဟုတ်

ပါလီမန် အမတ်အဖြစ် အရွေးခံတယ်ဆိုတာ မိမိပါတီက အမတ်လောင်း အဖြစ် ရွေးချယ်လိုက်ရုံနဲ့ အမတ်ဖြစ်သွားတာ မဟုတ်ပါ။ အနည်းဆုံး ပါတီသုံးလေးခုက ကိုယ်စားလှယ်လောင်း သုံးလေးဦး ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ရွေးကောက် တင်မြှောက်သူများက မဲဆန္ဒရှင် ပြည်သူများ ဖြစ်ပါတယ်။ ဗြိတိန်မှာ မဲလိမ်မဲခိုးလို့လည်း မရပါ။ မဲခိုးမှု ဖြစ်ခဲ့ဖူးတာလည်း မရှိပါ။

ထူးခြားတာတစ်ခုက ဗြိတိန်မှာ နိုင်ငံရေးပါတီကို ကြိုက်လို့ မဲပေးတာ၊ မကြိုက်လို့ မဲမပေးတာထက် မိမိတို့ မဲဆန္ဒနယ်က အမတ်လောင်းကို ကြိုက် မကြိုက်က အဓိကပိုကျပါတယ်။ နိုင်ငံရေးပါတီမူဝါဒထက် အမတ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီး ဆုံးဖြတ်ခြင်းဟာ ဒီမိုကရေစီ နည်းကျတယ်လို့ သူတို့ ယုံကြည်ကြပါကြောင်း။

မောင်ဝံသ

Posted by ပိတောက်မြေ at 12:38:00 AM




Type the rest of your post here.

Thursday, March 5, 2009

အမေ

အမေ...အမေ...

Type the rest of your post here.

Thursday, February 5, 2009

President Obama

To those who cling to power through corruption and deceit
and the silencing of dissent, know that you are on the wrong
side of history.

US President Barack Obama


Type the rest of your post here.

Wednesday, January 7, 2009

ပြည်သူနှင့်လွတ်လပ်ရေး (အန်အယ်ဒီ ဦးခင်မောင်ဆွေ ၏ ဟောပြောချက်)

http://www.khitpyaingnews.org/news/December_08/31-12-08c.php


အဖွဲ့ ချုပ်ကြီး ဘာကြောင့်ရပ်တည်နေနိုင်တာလဲ

အနှစ် (၂၀) ခရီးမှာ အဖွဲ့ ချုပ်ကြီးဟာ ဘာဖြစ်လို့ မားမားမတ်မတ်ရပ်တည်နေနိုင် အောင်ရှိနေသလဲ ဆိုတဲ့အဖြေကို ပထမဦးဆုံးရှာကြည့်ဖို့လိုပါတယ်။ ဘာကြောင့် ကျနော်တို့အဖွဲ့ချုပ်ကြီးဟာ ဒီလောက်တောင်မှ အတိုက်အခံတွေ ကြားထဲမှာ ရှင်သန်ရပ်တည်နေခဲ့သလဲဆိုလို့ရှိရင် အဓိကပဓာနကျတာကတော့ ယုံကြည်မှုပဲဖြစ်တယ်။
အဲဒီတော့ ဘယ်လိုယုံကြည်မှုတွေလဲ။

ပထမအချက်ကတော့ အဖွဲ့ ချုပ်ခေါင်းဆောင်များကို ယုံကြည်မှု၊ ဒုတိယအချက်ကတော့ အဖွဲ့ချုပ်က ချမှတ်ထားတဲ့မူဝါဒတွေကို ယုံကြည်မှုနဲ့ တတိယနောက်ဆုံးအချက်ကတော့ အဖွဲ့ ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ကိုယ်မိမိတို့ ယုံကြည်မှုဆိုတဲ့ ယုံကြည်မှုသုံးမျိုးကြောင့်သာ ကျနော်တို့ဟာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ အဖွဲ့ချုပ်ခေါင်းဆောင်များကို ဘာကြောင့်ယုံကြည်ရသလဲဆိုလို့ရှိရင် အဖွဲ့ချုပ်ခေါင်းဆောင်များဟာ မြန်မာပြည်သူတွေကို လူအခွင့်အရေးတွေ ပြည့်ဝတဲ့ ဒီမိုကရေစီလူ့ဘောင်ကိုရောက်အောင် ခေါ်ဆောင်သွားမယ်ဆိုပြီးတော့ ခေါင်းဆောင်မှုကို စဉ်ဆက်မပြတ်ထူထောင်ပြီးတော့ကာ ကြံဆောင်ခဲ့တာကို ခင်ဗျားတို့တွေ့ ရမှာဖြစ်တယ်။

ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကြီးက ချမှတ်ထားတဲ့မူဝါဒတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာရှင် စနစ်ချုပ်ငြိမ်းပြီးတော့ကာ ဒီမိုကရေစီစနစ်သာ ထွန်းကားပြန့်ပွားရမယ်ဆိုပြီးတော့ကာ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းပဲ ရွေးကောက်ပွဲတွေ ပြီးတဲ့အခါမှာလည်းပဲ အဖွဲ့ချုပ်ကြီးဟာ ကြံ့ကြံ့ခံကာ မူဘောင်ပေါ်ကနေ တပြားမှမလျှော့ဘဲ ရပ်တည်နေတာကိုလည်း ခင်ဗျားတို့ တွေ့ မြင်နေကြတာ ဖြစ်ပါတယ်။

တတိယနောက်ဆုံးအချက်က ဘာလဲဆိုလို့ရှိရင် မိမိတို့အပေါ် မိမိတို့ယုံကြည်မှု၊ ငါတို့ဟာ အခုနက ပြောတဲ့ အချက်နှစ်ချက်အပေါ်မှာ ယုံကြည်ထားတဲ့ဟာဖြင့်ရင် အဲဒီအချက်တွေကို ငါတို့ဟာ မလွှဲမသွေယုံကြည်ပြီးတော့ မိမိတို့ရဲ့ နိုင်ငံရေးသိက္ခာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းဆိုတဲ့အရာတွေကို တန်ဖိုးထားပြီးတော့ကာ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒါသည်ပင် ကျနော်တို့ အဖွဲ့ချုပ်ကြီး မားမားမတ်မတ်ရပ်နေနိုင်တယ်ဆိုတာကို အထင်အရှားတွေ့ မြင်ရပါလိမ့်မယ်။

အဲဒီတော့ ကျနော်တို့အဖွဲ့ချုပ်ကြီးဟာ လျှောက်လှမ်းခဲ့ရတဲ့ အနှစ် (၂၀) ခရီးဟာ အင်မတန်မှ ခက်ခဲ ကြမ်းတမ်းတဲ့လမ်းကို ဖြတ်ကျော်လာခဲ့ရတယ်ဆိုတာကိုလည်း တွေ့ ရမှာဖြစ်တယ်။ ညအခါမှာ ဘယ်အချိန် တံခါးလာခေါက်မလဲဆိုတဲ့ ဘ၀တွေကိုဖြတ်သန်းပြီးတော့ကာ မိသားစုတွေရဲ့ မျက်ရည်၊ သွေးတွေ၊ ချွေးတွေနဲ့ လျှောက်လှမ်းခဲ့ရတယ်ဆိုတာကိုလည်း ခင်ဗျားတို့သိပါတယ်။ အဲဒီလို လျှောက်လှမ်းခဲ့ရတဲ့ ပြည်သူတွေဟာ ပြည်သူတွေအတွက် လျှောက်လှမ်းခဲ့ရတဲ့အဖွဲ့ချုပ်ကြီးဟာ ဒုတိယလွတ်လပ်ရေးလို့ခေါ်ရမှာဖြစ်တဲ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေးလမ်းကြောင်းကို ကျနော်တို့ဟာ ဆက်ပြီးတော့ လျှောက်နေရတာဖြစ်ပါတယ်။

ပြည်သူတွေလွတ်လပ်ပြီလား

အဲဒီတော့ လျှောက်ခဲ့တဲ့အခါမှာလည်း ပြည်သူတွေဟာ လွတ်လပ်ရေးရပြီလား၊ မရသေးဘူးလား ဆိုတာ ထပ်ပြီးတော့ သုံးသပ်ဖို့လိုလာပါတယ်။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် သက်ဦးဆံပိုင်စနစ်တွေမှာ ရှင်ဘုရင်တွေဟာ သူတို့ကို ဘုရားသခင်ကပေးထားတဲ့ အာဏာနဲ့ အုပ်ချုပ်တယ် ဆိုပြီးတော့ကာ သားစဉ်မြေးဆက်အုပ်ချုပ်ကြတယ်။ ဒါပေမယ့် အာဏာနဲ့အုပ်ချုပ်တဲ့ခေတ်တွေမှာတော့ အာဏာတရပ်ရပ်ကို နောက်ခံပြုပြီးတော့ကာ အာဏာကုလားထိုင်ပေါ်က သူတို့သက်တမ်း မကုန်မချင်း အာဏာကို လက်မလွှတ်ဘူး ဆိုတာကို တွေ့ ရမှာဖြစ်တယ်။

ဒီမိုကရေစီစနစ်ဆိုတာကတော့ ဒါမျိုးမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဆိုတာဟာ ကိုယ်သာ လျှင်အရှင်သခင်၊ မိမိသာလျှင် မိမိတို့ရဲ့ အရှင်သခင်ဖြစ်သကဲ့သို့ အုပ်ချုပ်ခံပြည်သူမဟုတ်ဘဲနဲ့ အုပ်ချုပ်သူသာ ဖြစ်တယ်ဆိုတာကို တွေ့ ကြမှာဖြစ်ပါတယ်။ ဘယ်လိုသိကြသလဲ……? ဒီမိုကရေစီစနစ်ဆိုတာဟာ ပြည်သူတွေက၊ ပြည်သူတွေထဲက ပြည်သူတွေကို ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ပြီးတော့ အဲဒီလိုရွေးကောက်ခံထားရတဲ့ ပြည်သူတွေက မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်သူတွေကို ကိုယ်စားပြုတဲ့စနစ်နဲ့ အုပ်ချုပ်တဲ့စနစ်ဟာဆိုလို့ရှိရင် ပြည်သူ့အုပ်ချုပ်ရေးစနစ်၊ တနည်းအားဖြင့် စစ်မှန်တဲ့ဒီမိုကရေစီစနစ်ပဲဖြစ်ပါတယ်။

ကျနော်တို့ဟာ အဲဒီလိုစစ်မှန်တဲ့ ဒီမိုကရေစီကိုသွားတဲ့နေရာမယ် ကျနော်တို့အနေနဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ၊ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို ရယူသင့်တဲ့အရာတွေ ဖြစ်တယ်ဆိုတာကို ခံယူမှသာလျှင် လွတ်လပ်ရေးရဲ့ အရသာကိုခံစားကြရမှာ ဖြစ်တယ်။

လွတ်လပ်ရေးအရသာဆိုတာ

အဲဒီတော့ လွတ်လပ်ရေးရဲ့ အရသာဟာဘာလဲလို့ ကျနော့်ကိုထပ်ပြီးမေးမယ်ဆိုရင် အဖြေကတော့ လွတ်လပ်ရေးရဲ့ အရသာဟာ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းနဲ့ သာယာဝပြောခြင်းဆိုတဲ့ အချက်တွေပါဝင်မှသာ လွတ်လပ်ရေးရဲ့ အရသာဖြစ်ပါတယ်။ လွတ်လပ်ရေးအရသာကို ပြည်သူတွေအနေနဲ့ ခံစားချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်သူတွေကို ရိုက်သွင်းထားတဲ့အရာတွေကို ရိုက်ချိုးပစ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်လို individualism လို့ခေါ်တဲ့ ပုဂ္ဂလိက၀ါဒဆိုတာဟာ တဦးတယောက်ချင်းကနေပြီး တော့ကာ အားလုံးကို လွှမ်းခြုံပြီးတော့ လုပ်မယ်ဆိုတဲ့ဝါဒ၊ တဦးချင်းလွတ်လပ်ခွင့်ဘေးကပြည်သူတွေကို မကြည့်ဘဲနဲ့ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့ ၀ါဒဆိုပြီးတော့ အဲဒီလိုပညာပေးတဲ့အချိန်အခါကို ရောက်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။

တခါ တဖက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ဘာကိုတွေ့ရသလဲဆိုလို့ရှိရင် တဦးချင်းဝါဒဆိုတာ အမှန်မှာတော့ ပုဂ္ဂိက၀ါဒမဟုတ်ပါဘူး။ တဦးချင်းတာဝန်ယူတဲ့ ၀ါဒပဲဖြစ်တယ်။ တဦးချင်း တာဝန်ယူတဲ့ဝါဒနဲ့သာလျှင် လူထုအခြေပြု လူ့အဖွဲ့အစည်းကို ထူထောင်နိုင်မှသာလျှင် ဒီမိုကရေစီစနစ်ကို ရောက်မှာအမှန်ပဲဖြစ်တယ်။

နောက်ပြီးတော့ အများစုအကျိုးကို ဆောင်ကျဉ်းတဲ့ အဖွဲ့အစည်းဆိုတာဟာ ဥပမာပေးရရင် ဘာနဲ့တူသလဲ ဆိုတော့ ပုရွက်ဆိတ်တွေရဲ့ အစုအဖွဲ့တွေနဲ့ တူပါတယ်။ ပုရွက်ဆိတ်တွေရဲ့ အစုအဖွဲ့ဟာ ကြည့်မယ်ဆိုရင်တော့ အင်မတန်မှ ဟန်ကျပါတယ်။ ဒါပေမယ့် မိမိတို့မကြုံဖူးတဲ့ အခြေအနေတရပ်ကို တွေ့မယ်ဆိုလို့ရှိရင် ရှေ့ဆက်တိုးဖို့ရာ မရှိတော့ဘဲ တန့်နေတာကို ခင်ဗျားတို့ တွေ့ရမှာဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုတာ ဒါမျိုးမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ တဦးချင်း တာဝန်ယူပြီးတော့ တဦးချင်းကနေပြီး တာဝန်ယူဖော်ဆောင်မှ သာလျှင် အဲဒီလိုစိတ်ဓာတ်နဲ့ သွားမှသာလျှင် ဒီမိုကရေစီ လူ့ဘောင်ကို သွားနိုင်မယ်ဆိုတာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

ပြည်သူဆိုတာဘာလဲ

အဲဒီတော့ပြည်သူဆိုတာဘာလဲ။ ပြည်သူဆိုတာကို ကျနော်တို့ အဓိပ္ပယ်ဖွင့်မယ်ဆိုရင် အခုနက ကျနော် ပြောခဲ့တဲ့ ကျနော်တို့ မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးရပြီလား။ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ခေတ်အဆက်ဆက်မှာ ရှိလာခဲ့တဲ့ ပြည်သူတွေဟာ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်တဲ့ပြည်သူတွေသာ လွတ်လပ်ရေးရပြီးတော့ အုပ်ချုပ်ခံပြည်သူတွေကတော့ လွတ်လပ်ရေးမရသေးဘူးဆိုတာကို တွေ့ရမှာဖြစ်တယ်။ လွတ်လပ်ရေး လမ်းကြောင်းပေါ်မှာ လွတ်လပ်ရေးလမ်းစပျောက်နေတဲ့ ပြည်သူတွေအဖြစ်ကို ခင်ဗျားတို့ တွေ့ ရမှာဖြစ်တယ်။


ဘာကြောင့် ဒီလို ကျနော်ပြောရသလဲဆိုလို့ရှိရင် ပြည်သူတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဖို့လိုပါတယ်။

ပြည်သူဆိုတာဘာလဲ။ ပြည်သူဆိုတာဟာ သတ်မှတ်ထားတဲ့ အပိုင်းအခြားတွေပေါ်မှာသာ နှစ်ပရိစ္ဆေဒကြာမြင့်စွာ အတူတကွ နေထိုင်ပြီးတော့ကာ၊ အကျိုးစီးပွားခြင်းဆက်စပ်နေတဲ့ လူအစုအဝေးကို ပြည်သူလို့ ခေါ်ပါတယ်။ အဲဒီပြည်သူလို့ ခေါ်တဲ့လူအစုအဝေးကြီးဟာ လူမျိုးနွယ်စုတခုလည်း ဖြစ်ချင်ဖြစ်မယ်၊ လူမျိုးနွယ်စုတွေ ပေါင်းစည်းထားတဲ့ လူ့အဖွဲ့အစည်းကြီးတခုလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့တွေဟာ အခုနက ပြောခဲ့သ လိုပဲ တမြေထဲနေ တရေထဲသောက်ပြီးတော့ကာ အကျိုးစီးပွားခြင်းဆက်စပ်နေသူတွေကို ပြည်သူလို့ ခေါ်ရမှာဖြစ်တယ်။

နောက်တခုက နိုင်ငံတော်ဆိုတဲ့ကိစ္စပါ။ နိုင်ငံတော်ဆိုတာ အစိုးရမဟုတ်ပါဘူး။ နိုင်ငံတော်ကို ခေါ်ဝေါ်သတ်မှတ်မယ် ဆိုလို့ရှိရင် အချက်လေးချက်ပြည့်စုံမှ သတ်မှတ်လို့ ရပါတယ်။ တချို့ ပုဂ္ဂိုလ်တွေက နိုင်ငံတော်ဆိုတာ အစိုးရပဲ၊ အစိုးရသာလျှင် နိုင်ငံတော်ပဲ၊ မင်းဆိုရင် ကြောက်ရမှာပဲ၊ အုပ်ချုပ်သူတွေက အုပ်ချုပ်တဲ့ အလုပ်ကိုလုပ်လိမ့်မယ်၊ နိုင်ငံရေးသမားတွေက နိုင်ငံရေးအလုပ်ကို လုပ်လိမ့်မယ်၊ ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားမှသာလျှင် ကိုယ်သာလျှင် အရှင်သခင်ဖြစ်တယ်ဆိုတဲ့ဘ၀ကို ရောက်ကြပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

အခု ကျနော်ပြောတဲ့အထဲမှာ နိုင်ငံတော်ဆိုတဲ့အထဲမှာ နိုင်ငံတော်ဖြစ်တာနဲ့ တပြိုင်တည်း ပြည်သူသာနိုင်ငံတော်၊ နိုင်ငံတော်သည် ပြည်သူသာဖြစ်သွားပြီ။ နိုင်ငံသားပြည်သူတွေအဖို့မှာ သူတို့တွေ ရပိုင်ခွင့်ရှိတဲ့လူ့အခွင့်အရေး၊ နိုင်ငံသားပိုင်ခွင့်အနေနဲ့ အခြေခံအခွင့်အရေး ဥပမာအားဖြင့် အခြေခံဥပဒေမှာပါတဲ့ (constitutional right) လို့ ခေါ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ နောက်ပြီးတော့ လွတ်လပ်စွာပုဂ္ဂလိကပိုင်ဆိုင်ခွင့်တွေကို အကာအကွယ်ပေးပိုင်ခွင့်ကို ရရှိမှသာလျှင် အဲဒီပြည်သူတွေဟာ လွတ်လပ်ရေးရမှာဖြစ်တယ်။ လွတ်လပ်ရေးအရသာကို ခံစားရရှိကြမှာ ဖြစ်တယ်။

အချုပ်အခြာအာဏာကို ဘယ်သူပိုင်သလဲ

ပြည်သူဆိုတဲ့အဓိပ္ပာယ်ကို ပြောပြီးတဲ့အခါမှာ လွတ်လပ်ရေးအကြောင်းကိုဆက်ပြီး ပြောရပါမယ်။ လွတ်လပ်ရေးကို ပြောမယ်ဆိုလို့ရှိရင် ရှေးပဝေသဏီကစပြီးတော့ အုပ်ချုပ်လာခဲ့တဲ့ ရှင်ဘုရင်တွေ ခေတ်ကစပြီးတော့ လွတ်လပ်ရေးကို စပြောရပါမယ်။ နယ်ချဲ့တွေဟာ မြန်မာသီပေါဘုရင်ဆီကနေပြီး အချုပ်အခြာအာဏာကို သိမ်းယူသွားတဲ့အခါမှာ ဘယ်သူ့အချုပ်အခြာအာဏာလဲ၊ ဘယ်သူပိုင်တဲ့ အချုပ်အခြာအာဏာလဲ ပြန်ကြည့်မယ်ဆိုလို့ရှိရင် အမှန်စင်စစ်ကတော့ အဲဒီအချုပ်အခြာအာဏာဆိုတာဟာ ရှင်ဘုရင်ပိုင်တဲ့ အချုပ်အခြာအာဏာသာဖြစ်တယ်။ အထက်မြန်မာနိုင်ငံကို နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ သိမ်းပြီးတော့ကာ အောက်မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော်သိမ်းပြီးတဲ့အခါမယ် ပြန်ပြီးတော့ လွတ်လပ်ရေးရတဲ့အခါမှာ ပြည်သူတွေကို ကိုယ်စားပြုတဲ့၊ ပြည်သူတွေတင်မြောက်ထားတဲ့ အစိုးရထံ လွတ်လပ်ရေးကို ပြန်အပ်နှင်းတယ်ဆိုတဲ့အတွက်ကြောင့်မို့ အချုပ်အခြာအာဏာဆိုတာ ပြည်သူတွေ ပိုင်ဆိုင်တဲ့အရာဖြစ်တယ်။ လွတ်လပ်ရေးဆိုတာ ဘာလဲဆိုလို့ရှိရင် အချုပ်အခြာအာဏာဟာ လွတ်လပ်ရေးပဲ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ရရုံနဲ့ ကျနော်တို့ လွတ်လပ်ပြီလားလို့ မေးလို့ရှိရင် မလွတ် လပ်နိုင်ဘူးလို့ပဲ ပြောရမှာဖြစ်တယ်။ ဘာကြောင့်လဲ။ အုပ်ချုပ်သူအဆက်ဆက်တွေဟာ နိုင်ငံ ရေးငါတကောကောပြီးတော့ ဆောင်ရွက်သွားခဲ့ကြတာကြောင့်မို့လို့ ပြည်သူတွေဟာ လွတ်လပ်ရေးအရသာကို မရခဲ့ကြဘူး။

အနှစ် (၆၀) လွတ်လပ်ရေးခရီးကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပါလီမန်ဒီမို ကရေစီခေတ်မှာ အချုပ်အခြာအာဏာလွတ်လပ်ခွင့်ကို တော့ရခဲ့တယ်။ ပြည်သူတွေဟာ အချုပ်အခြာအာဏာကို သူတို့ဆီကနေ တိုက်ရိုက်သက်ဆင်းခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုသာရခဲ့ပြီးတော့ကာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုကြည့်တဲ့အခါမယ်၊ ဒီနိုင်ငံ မှာ စစ်မီးကြီးထတောက်လောင်ပြီးတော့ကာ အမျိုးသားညီညွတ်ရေးကြီး ပျက်ယွင်းခဲ့ရတယ်။ ပြည်သူတွေကတော့ မဲပေးပြီးတော့ တာဝန်ကျေခဲ့ပေမယ့် အစိုးရအဆက်ဆက်ဟာ အမျိုးသားညီညွတ်ရေးကို ရအောင်မလုပ်နိုင်ခဲ့ကြဘူး။ ဆိုရှယ်လစ်ခေတ်ကိုရောက်တဲ့အခါမှာ အချုပ်အခြာအာဏာဆိုတာဟာ ပါတီပိုင်ဖြစ်တယ်။ ပြည်သူတွေကို ပုံစံခွက်နိုင်ငံရေးသဘောမျိုး ချုပ်ပြီးတော့လုပ်ကိုင်ခဲ့တဲ့အခါမှာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေဟာလည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရတယ်။ အာဏာသိမ်းခံထားရတဲ့အခြေအနေမှာတော့ အထူးပြောစရာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် အာဏာသိမ်းခံထားရတဲ့ပြည်သူတွေဟာ မြန်မာနိုင်ငံမှာ ပါလီမန် ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ အာဏာသိမ်းထားတဲ့စနစ်ကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပြည်သူတွေဟာ အချုပ်အခြာအာဏာကို အစိုးရကသာပိုင်ပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုမှမတွေ့ရ မမြင်ရတဲ့ အပြင် အခြေခံဥပဒေတောင်မှမရှိတဲ့အခါ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ဆိုတာလည်း မရှိခဲ့ပါဘူး။

ကျနော်တို့ပြည်သူတွေဟာ နိုင်ငံရေးလွတ်လပ်မှုနဲ့ လူ့အခွင့်ရေးတွေကို လိုချင်တယ်ဆိုလို့ရှိရင် အတွေးအခေါ် အယူအဆတွေကို ပြောင်းပစ်ဖို့လိုပါတယ်။ မိမိတို့ပိုင်ခွင့်တွေကို မိမိတို့ရယူနိုင်တဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့လိုပါတယ်။ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူး၊ အခြားသူတွေ လုပ်လိမ့်မယ်ဆိုပြီးတော့ နေလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံရေးဘ၀ကိုမရဘဲ အုပ်ချုပ်တဲ့လူတွေရဲ့ လက်ထဲမှာပဲ လွတ်လပ်ရေးဟာ ရှိနေမှာဖြစ်တယ်။ ပြည်သူတွေကတော့ ဒုံရင်းက ဒုံရင်းပဲဖြစ်မှာပဲ။

ဒါကြောင့်မို့လို့ လွတ်လပ်ရေးကို ရချင်တယ်ဆိုလို့ရှိရင် နံပါတ်တစ်အချက်ကတော့ အချုပ်အခြာ အာဏာကို ပြည်သူတွေ တလုံးတခဲတည်း ပိုင်ပြီးတော့ အဲဒီအချုပ်အခြာအာဏာဟာ ပြည်သူတွေထံကနေ တိုက်ရိုက် သက်ဆင်းနိုင်မှသာ၊ ဒါ့အပြင်မိမိတို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း ရယူဖို့လိုပါ တယ်။ ဒုတိယအချက်ကတော့ နိုင်ငံရေးလွတ်လပ်ခွင့်ပါ။ နိုင်ငံရေးလွတ်လပ်ခွင့်ရှိပြီးတော့ လူအများပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်မျိုးကို ကျနော်တို့က တောင်းဆိုဖို့လိုပါတယ်။ တတိယအချက်ကတော့ ခုနကပြောတဲ့ အခြေခံဥပဒေဆိုင်ရာ ပိုင်ခွင့် ထဲမှာပါတဲ့ လူ့အခွင့်အရေးနဲ့ ခံစားပိုင်ခွင့်တွေကို ဒါတွေကို အာမခံတဲ့အခြေအနေကို ရောက်ရှိမှသာလျှင် အချုပ်အခြာအာဏာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေ ပြည့်စုံမှသာ အဲဒီနိုင်ငံဟာ လွတ်လပ်ရေးရဲ့ အနှစ်အရသာနဲ့ ပြည့်စုံတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောလို့ရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံရေးဆိုတာ တိုင်းပြည်ရဲ့နိုင်ငံရေးဆိုတာ အဲဒီတိုင်းပြည်နိုင်ငံတ၀န်းလုံးရဲ့ နိုင်ငံရေးဖြစ်ပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားဘူး၊ ပစ်ပယ်မယ်ဆိုရင်တော့ ကျနော်တို့ တတွေဟာ မျှော်မှန်းတဲ့ ပန်းတိုင်ကိုပဲဖြစ်ဖြစ်၊ ခရီးကိုပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ရောက်မှာမဟုတ်ဘူးဆိုတာကိုတော့ ကျနော်ဒီနေရာကနေ ပြောချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးကြေညာစာတမ်းမှာပါတဲ့ အချက် တချက်ကို အနည်းငယ်ဖတ်ပြချင်ပါတယ်။ အပိုဒ် (၅) မှာ ဘယ်လိုရေးထားသလဲ ဆိုတော့ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက်၏ အမွေအနှစ်မဟုတ်၊ မည်သူတဦးတယောက် အဖွဲ့အစည်း၏ ပုဂ္ဂလိကပိုင်မဟုတ်၊ မည်သူတဦးတယောက်ကမှ ချုပ်ကိုင်အနိုင်ယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်ဆိုပြီးတော့ အတိအလင်း ဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုနိုင်ငံတော်ကြီးကို တည်ဆောက်မယ်ဆိုလို့ရှိရင် အများပါဝင်တဲ့ အများဆန္ဒနဲ့အညီ တည်ဆောက်တဲ့ နိုင်ငံကြီးဖြစ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ကာ တဖက်သတ်နိုင်ငံရေး ချုပ်ကိုင်မှုအောက်မှာရှိတဲ့ ပြည်သူတွေဟာ ဘယ်လောက်ပဲ နိုင်ငံ ရေးအတွေးအမြင်တွေ ရှိပင်ရှိငြားသော်လည်း ပြည်သူတွေဟာ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်ဘဲနဲ့ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ သာယာဝပြောချင်းဆိုတဲ့ လောကပါလတရားတွေနဲ့ ပြည့်စုံတဲ့နိုင်ငံတော်စနစ်ကို ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အချုပ်အခြာအာဏာ လွတ်လပ်ရေးကို ရပင်ရသော်လည်းပဲ ကျနော်တို့အနေနဲ့ အခုလိုအခြေအနေမျိုးကို ပြောင်းလဲမပစ်နိုင်ဘူးဆိုရင်တော့ နိုင်ငံရေး လူမွှေးလူရောင် မပြောင်တဲ့ဘ၀နဲ့ ဒုတိယတန်းစား နိုင်ငံသားတွေ၊ အုပ်ချုပ်ခံနိုင်ငံသားတွေဘ၀ကနေပြီးတော့ ဘယ်တော့မှတက်ရမှာမဟုတ်ဘူး ဆိုတာကို ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။

Type the rest of your post here.

Monday, January 5, 2009

NLD Statement








[Source: ABFSU (FAC)group mail]

Type your summary here.

Type the rest of your post here.

Sunday, January 4, 2009

Independence Day

[Source: Ko Nyi Nyi - ABFSU(FAC)]





Type your summary here.

Type the rest of your post here.

Tuesday, December 23, 2008

Don't give up

by ..::Angel of your darkness::..

In this world that surrounds us
We sometimes brake down and fall
Those who stand above us
Can make us seem so small

We tremble under the weight
Of the problems that hold us down
And when we start to collapse
There seems to be no one around

We try to fight in this world
That always seems to fight back
Sometimes we’re not strong enough though
There are too many things we lack

We’ll hide away in corners
Put upon ourselves pain
But there’s no escape from this life
We all must suffer the same

But although we may struggle
And yes we all do fall
I’ll stand by your side
I’ll stay with you through it all

And if you start to tremble
Or even brake down
I’m your shoulder to cry on
I’ll always be around

We all have our faults
Are up and are downs
We cant always smile all the time
Everyone has to frown

No, no ones perfect
And no one is the same
We’re in this world together
We all play the same game

If we stick together
No matter whats to come
With a little faith and hope
Anything can be done

We all get those bad times
Each and every one of us
But I promise it will get better
Just don’t you give up

But when you feel like you want too
Please just remember this
You can die at any time
But it takes a strong person to live

Type the rest of your post here.

Is it Happy new year 2009 for Burma?

Is it happy new year 2009 for Burma?

Type the rest of your post here.

Monday, October 27, 2008

????


Type your summary here.

Type the rest of your post here.

Sunday, October 26, 2008

ှဆရာကြီးဦးဝင်းတင်

"ကျနော် အနီးစပ်ဆုံးမြင်တဲ့ ဖြေရှင်းနည်း ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပါ၊ အဲဒီလိုလွှတ်ပေး တဲ့အခါမှာ နိုင်ငံရေးအခြေ အနေတွေ ပျော့ပျောင်းသွား ပြီးတော့ ဆက်ဆံရေးတွေ ယုံကြည်မှုတွေ တယောက်နဲ့ တယောက် ပိုတိုးလာမယ်၊ အဲဒီ အခြေခံပေါ်မှာ တည်ပြီး တော့ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပါ၊ အဲဒီကျင်းပတဲ့ နေရာမှာလည်း ၂ ပွင့် ဆိုင်ဖြစ်ဖြစ်၊ ၃ ပွင့် ဆိုင်ဖြစ်ဖြစ် ဒါတွေကျနော်တို့ လုပ်သွားကြရမှာပဲ။ ဆွေးနွေး တဲ့နေရာမှာ အခြားခြားသော နိုင်ငံရေးပြဿနာများနဲ့အတူ ရှေ့ဆက်လုပ်မယ့် ခုနသူတို့ ပြောတဲ့ ဒီ Constitution ကိစ္စတို့၊ အဲဒီကနေ ပေါက်ဖွား လာမယ့် ပါတီမှတ်ပုံတင်တို့၊ အဲဒီကပေါက်ဖွားလာမယ့် ရွေးကောက်ပွဲ ဥပဒေတို့၊ အဲဒီကပေါက်ဖွားလာမယ့် လွှတ်တော်တို့ ဒါတွေ ဆက် ဆွေးနွေးသွားရုံပဲခင်ဗျ။"

U Win Tin interview with BBC(3-10-08)


Type the rest of your post here.

Thursday, October 23, 2008

AFT award to The 88 Generation Students' Group




U S CAMPAIGN FOR BURMA PRESS RELEASE



For Immediate Release, October 22, 2008



Influential United States Teachers' Union Gives Major Award to Burma's Student Activists

Contact: Jeremy Woodrum at (202) 234 8022

(Washington, DC) The American Federation of Teachers, the largest organization representing teachers and educational workers in the United States (with more than 1.4 million members) has awarded its "2008 President's International Democracy Award" to a leading Burma's pro-democracy group, the "88 Generation Students". The 88 Generation Students group is led by prominent Burmese democracy leader Min Ko Naing, who is locked up as a political prisoner in the Southeast Asian country of Burma. (The award certificate is attached.)

The AFT announced the award at its national convention, held on July 12, 2008 in Chicago, Illinois. At the event, Democratic Presidential Candidate Senator Obama was a keynote speaker.

Since Min Ko Naing and the other leaders of the 88 Generation Students are locked up as political prisoners in Burma, AFT has sent the award to the U.S. Campaign for Burma to keep until it can be delivered to the 88 Generation Students. USCB will proudly maintain the award.



"We are honored to keep this award on behalf of the 88 Generation Students", says Aung Din, executive director of the USCB and close friend of the '88 student leaders since Burma's 1988 popular democracy uprising. "This award recognizes the enormous courage and sacrifice of Burma's students in the struggle for democracy and human rights," he added.


The 88 Generation Students group is comprised of Burma's most prominent human rights activists after Nobel Peace Prize recipient Aung San Suu Kyi. After Burma's military regime drastically raised the price of fuel in August 2007, the 88 Generation Students organized a non-violent protest walk in which they were joined by hundreds of everyday Burmese people. The 88 students were immediately arrested and have been held ever since. Anger at the arrests and the Burmese regime's treatment of Buddhist monks spiraled into last September's "Saffron Revolution" that saw hundreds of thousands of Buddhist monks marching peacefully for change.

In late August, in a blunt rejection of the United Nations Security Council and just days after two UN envoys traveled to Burma seeking democratic change and improvements in human rights, the country's military regime hauled dozens of the 88 Generation Students from prison cells into court in order to begin "sham" trials that will likely result in their long-term incarceration.

The most prominent of the 88 Generation Students, Min Ko Naing, has won numerous international awards for his peaceful, nonviolent calls for change in Burma including the Civil Courage Prize from the Northcote Parkinson Fund in the United States, the Homo Homini Award from People in Need Foundation in the Czech Republic, the John Humphrey Freedom Award from the International Centre for Human Rights and Democratic Development in Canada, and the Student Peace Prize, widely considered the "junior" Nobel Peace Prize, in Norway.

Burma's military regime is among the worlds most brutal. Besides locking up Aung San Suu Kyi and over 2,100 political prisoners, the regime has recruited more child soldiers than any other country in the world and destroyed 3,200 ethnic minority villages, forcing millions of villagers to flee their homes as refugees or internally displaced.

Today, the Thailand-Burma Border Consortium, a coalition of non-governmental organizations administering refugee camps and assisting displaced persons along the Thailand-Burma border, reported that over 1/2 million people have fled from their homes and are living as internal refugees in eastern Burma. At least one million persons have fled their homes as refugees -- both outside of Burma and inside the country's borders. Also today, the Australian government expanded its travel and financial sanctions on Burma's military regime, banning dozens of cronies of the military regime from traveling to and doing business with Australian firms.##