Pages

Tuesday, October 30, 2007

Myanmar Par Par Lay / Daw Ahmar risk lives to speak out

Myanmar Par Par Lay / Daw Ahmar risk lives to speak out

Sunday, October 28, 2007

နိုင်ပြီလို့တော့ မထင်လေနှင့်

ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူတွေကို ဖိနှိပ်ရိုက်နှက် သတ်ဖြတ်ပြီး အစအနမကျန်အောင် ရှင်းတယ်။ ရဟန်း၊ကျောင်းသား၊ ပြည်သူငြိမ်နေလို့ နအဖဟာ သူတို့လုပ်ချင်သလိုလုပ်လို့ရပြီလို့ထင်နေတယ်။ နအဖ ဟာ သဘာဝနိယာမတစ်ခုကို မေ့နေတယ်။ အဲဒါဟာ ဖိနှိပ်လေ အုံကြွလေ ဆိုတဲ့ သဘောတရားပါ။ အဲဒီသဘောတရားဟာ အမြဲမှန်ကန်နေတဲ့ နိယာမတစ်ခုပါ။ ဖိနှိပ်လေ၊ တော်လှန်ရဲတဲ့စိတ်ဓါတ်ပိုလို့ ခိုင်မာလေပဲ။ အဲဒီတော်လှန်ရဲတဲ့ စိတ်ဓါတ်၊ ခိုင်မာတဲ့စိတ်ဓါတ်တွေနဲ့ ကျနော်တို့ ပိုလို့တောင်သွေးစည်းနေကြပြီ။ အဲဒီ သွေးစည်းမှုတွေနဲ့အတူ ကျနော်တို့ စစ်အာဏာရှင်ကို ဖြိုလှဲကြမယ်။ ကျနော်တို့ အောင်ပွဲဟာ လက်တစ်ကမ်းမှာပါ။ ကျနော်တို့ လှမ်းယူရဲဖို့ပဲလိုတော့တယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ဆုတောင်းပွဲ

http://lanka-msma.blogspot.com/2007/10/blog-post_650.html မှယူထားပါသည်။





ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀တ်မဟာထပ်ကျောင်းတော်ရာမှာဗမာပြည်မှာ ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားသူများအတွက် အမျှဝေဆုတောင်းပွဲကို အဝေးရောက်ကျောင်းသူကျောင်းသားများစုပေါင်းပြီးပြုလုပ်ခဲ့ပါတယ်..ယင်းအခမ်းအနားကို တက္ကသိုလ် အသီးသီးမှကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ပါတယ်..ယင်းတက္က သို လ်များမှာ ABAC ခေါ် Assumptio Vniversity, Saint John's University, Rangsit Univ, Ramkamhaen Univ, Thamasat Univ နှင့် Mahidol Univ တို့မှ ဖြစ်သည်..ယင်းကျောင်းသူ ကျောင်းသားများသည် ဗမာသံရုံးသို့ဆက်လက် သွားကြပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြသည်။ ထူးခြားသည်မှာ ၀တ်မဟာထပ်ဆရာတော်မှ ၈၈-ခုနှစ်ကလည်း ယခုလို ထိုင်းနိုင်ငံရောက်မြန်မာများ စုပေါင်းကုသိုလ်လုပ်ကြကြောင်း။ ဒကာမတစ်ယောက်ဒဏ်ရာ အပြင်းအထန်ဖြင့်ဆေးဝါးကုသမှု့ခံယူနေစဉ်မှာ ဆရာတော်မှ လိုလေသေးမရှိထောက်ပံ့ကူညီသည့်အပြင်တစ်ရက်ခြား နှစ်ရက်ခြားသွားရောက်ကြည့်ကာ အားပေးလေ့ရှိကြောင်းဆရာတော်မှပြန်ပြောင်းပြောကြားခဲ့ပါသည်။ယင်းအမျိုးသမီးလည်း ဒဏ်ရာကတစ်မျိုး ကင်ဆာရောဂါကတစ်ဖက်ဖြင့် နောက်ဆုံးတွင် ကွယ်လွန်သွားပါသည်။ ထိုသို့ရောဂါဖြင့်ကွယ်လွန်သည်ကို နအဖ အစိုးရက AIDS ရောဂါဖြင့် ဆုံးသည် ဟု ယုတ်မာ ပက်စက်စွာ စွပ်စွဲခဲ့ကြောင်းကိုလည်း ဆရာတော်မှ စိတ်မကောင်းစွာ ပြောကြားခဲ့ပါသည်..ပိုဝမ်းနည်းစရာကောင်းသည်မှာဒကာမ,မဆုံးခင်ဆရာတော်အားကျေးဇူးဆပ်သည့်အနေဖြင့်သူမအမြဲပူဇော်နေကျ ၆.လက်မခန့်ဆင်းတုတော်တစ်ဆူနှင့်ရွတ်ပွား နေကျပဋ္ဌာန်းစာအုပ်လေးတစ်အုပ်ကိုနောက်ဆုံးအနေဖြင့်လှုသွားခဲ့ပါသည်။ယင်းစာအုပ်နှင့် ဆင်းတုတော်အားယနေ့လာရောက် ကုသိုလ်ပြု အမျှဝေသူများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး "ငါထိန်းသိမ်းလာခဲ့တာ ၁၇-နှစ်ကျော် လာခဲ့ပြီ..နင်တို့လူငယ်လေးတွေ အဲဒါကို အသေအချာသိမ်းဆည်းကြပါ"လို့ဝမ်းနည်းကျေကွဲစွာဖြင့်မိန့်ကြားခဲ့ပါသည်..ယင်းဆင်းတု တော်လေးသည်အလွန်သပ်ပယ်လှပြီးဂျပန်လက်ရာပုံဟုထင်ရသည်..ဒီလိုဝမ်းနည်းစရာ တွေဟာ ဒီစစ်အာဏာရှင်တွေ မပြုတ်မခြင်း ဒို့ပြည်သူတွေ ကြုံတွေ့နေရမှာပါ..ဒါကြောင့် ဒီအာဏာရှင်တွေ အမြန်ဆုံးနည်းနဲ့ပြုတ်ဖို့ ဒို့ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်...ဒါဟာ နိုင်ငံရေးမဟုတ်ပါဘူး..လူမျိုးရေးပါ..(နအဖရဲ့ ညှင်းဆဲမှုကိုကြောက်ပြီး" နိုင်ငံရေး"ဆို မပါရဲသူတွေအတွက်စကားလုံးပါ)....မြန်မာနိုင်ငံကြီးစစ်အာဏာရှင်လက်ကအမြန်ဆုံးလွတ်မြောက်ပြီးအမြန်ဆုံးလွတ်လပ်ချမ်းသာတိုးတက်ပါစေ။။။

မောင်မဇျွိမ..

Wednesday, October 17, 2007

အသစ်တဖန်ပြည်လည်မွေးဖွားခြင်း

(ဗကသများအဖွဲ့ချူပ်-နိုင်ငံခြားရေးရာကော်မတီရဲ့ သမဂ္ဂစာစဉ် အတွဲ(၁)၊ အမှတ်(၃) ဇူလိုင်လ ၂၀၀၅ မှ ပြည်လည်ကူးယူဖော်ပြထားသည်။)


‘‘ဓါးကို ဓါးချင်း၊ လှံကို လှံချင်း၊ တုန့်နှင်းရမယ်’’
ဒင်းပြောခဲ့တဲ့စကား၊ နားဝမှာ ကြားဆဲ
လွန်ခဲ့တဲ့နှစ်များဆီ
ညီညာထကြွ၊
ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ၊
အလောင်းမြေကျ၊ ဒေါင်းအခြေမလှခဲ့ .......
7 july သွေးအိုင်ထွန်းခဲ့ရတဲ့နေ့
မမေ့နိုင်ပါဘူး။

အဲသည်တုန်းက .....
ဒင်းတို့ လက်ချက်နဲ့
အသက်ထွက်ခဲ့ရတဲ့ ကျောင်းသား ရာပေါင်းများစွာတွေ
သေအံ့မူးခိုက် ကျိန်စာတိုက်ခဲ့
ငမိုက်ကောင် ဒင်းတို့ကို၊ လက်စားချေရတဲ့ကိုယ်
ငါတို့ဖြစ်လို၏။

ဒင်းတို့ဖြိုချ၊ ပြိုခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင်
ပြန်လည်တည်ထောင်ရတဲ့ ဘ၀၊
ငါတို့ရကြပါစေ.....
ကမ္ဘာမကြေဘူး။

လွန်ခဲ့တဲ့အဖြစ်
(၂၆)နှစ် ခေတ်တခေတ် ကြာတဲ့အခါ
သူတို့တွေ လူပြန်ဖြစ်၊ မျိုးဆက်အသစ်နဲ့
ဒီခေတ်က ကျူပ်တို့ပဲဟေ့။ ။

ရင်သွေး (၁၉၈၈)

Tuesday, October 16, 2007

အာဏာရှင်ကို လူသတ်ဖို့ ညွှန်ကြားသူ အသံရှင် ဘယ်သူလဲ

www.mizzimaburmese.com မှ ပြန်လည်ကူးယူဖော်ပြထားပါသည်။
အရှင်ကေလာသ
အောက်တိုဘာ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်
အခုတလော အင်တာနက် သတင်းတွေမှာ အာဏာရှင်တွေကို လူသတ်ဖို့ အကြံပေးတဲ့ ဆရာတော် တပါးရဲ့ အသံဖိုင်ကို နားထောင်ရလို့ တုန်လှုပ်မိပါတယ်။ ဒါလောက် ဗုဒ္ဓသာသနာကို စော်ကားရဲတဲ့ အသံရှင် ‘ဆရာတော်’ ဆိုသူဟာ ဘယ်သူလဲ ဆိုတာကိုလည်း အတိအကျ သိချင်လာပါတယ်။

ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိတဲ့ မိတ်ဆွေ ရဟန်းတချို့ကို ရနိုင်သမျှ စုံစမ်းကြည့်ပါတယ်။ သူတို့ အားလုံးကတော့ ပဲခူးက ဆရာတော် တပါးရဲ့ အသံပဲလို့ ပြောကြပါတယ်၊ အာဏာရှင်တွေရဲ့ လုပ်ကြံ ဖန်တီးမှုလည်း ဖြစ်နိုင်တာမို့ စာရေးသူ အနေနဲ့တော့ အသံရှင် ဆရာတော် ဆိုသူကို ကိုယ်တိုင်လည်း မမြင်ဖူး၊ အသံကိုလည်း အပြင်မှာ တခါမှ မကြားဖူးတဲ့အတွက် အသံရှင် ပုဂ္ဂိုလ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ ယတိပြတ် မပြောလိုပါဘူး။

ဒါပေမဲ့ အသံဖိုင်မှာ ပါတဲ့အတိုင်း ဆိုရင် အသံရှင် ဘုန်းကြီးဟာ “ခမဲပြင် နိဗ္ဗာန်ကားလမ်းကို ဦးစီးပြီး ဖောက်လုပ်တယ်။ မီးရထား ဝန်ကြီးက သူ့ကို ကူညီ ပေးတယ်လို့ နားလည်ရပါတယ်။ ပရိသတ်ထဲမှာ ပါနေတဲ့ ယခု မီးရထားဝန်ကြီး “အောင်မင်း“ ဟာ အရင်တုန်းက တောင်ပိုင်းတိုင်းမှူး ဖြစ်ခဲ့တာမို့ ပဲခူးတိုင်း၊ ကဝမြို့နယ်က ခမဲပြင်ရွာနဲ့ နိဗ္ဗာန်ရွာ ကားလမ်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ အသံဖိုင်မှာ “ဆရာတော့် ကျောင်းမှာ သံဃာ တထောင်ကျော် တထောင့် နှစ်ရာလောက် နေ့တိုင်း ဆိုရတယ်၊ ကဲ ... လိုက်ဆိုစမ်း” လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် အသံရှင်ဟာ ပဲခူးနယ်က သံဃာ ၁၂ဝဝ လောက်ရှိတဲ့ ကျောင်းတိုက်ကြီး တခုက ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဝန်ကြီးနဲ့ တိုင်းမှူး အဆင့်ရှိတဲ့ လူတွေကို စကားပြောခွင့် ရတာမို့လို့ အဲဒီ ကျောင်းတိုက်ရဲ့ အဓိက ပုဂ္ဂိုလ်ပဲ ဖြစ်ပါလိမ့်မယ်။ အသံရှင်ဟာ မည်သူပင် ဖြစ်စေ သူ့လုပ်ရပ်က သံဃာထု တရပ်လုံးကို သိက္ခာကျစေတာ ဖြစ်လို့ ငြိမ်မနေသင့်ပါဘူး။ အသံရှင် အစစ်အမှန်ကို သိဖို့ထက် သူလုပ်တဲ့အလုပ် မမှန်တာကို ထောက်ပြဖို့က ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။

အသံရှင် ပြောတဲ့စကား
အသံရှင်က အာဏာရှင်တွေကို ပြောတဲ့စကားကို စဉ်းစားကြည့်ပါမယ်။

အသံရှင်ဘုန်းကြီးက ပရိသတ်ကို - “အတိုက်အခံတွေဟာ ခင်ဗျားတို့ရဲ့ မိတ်ဆွေလား၊ ရန်သူလား” လို့ မေးပြီး အသံရှင်ကိုယ်တိုင် “ရန်သူ” လို့ ရှေ့က ဖြေလိုက်တော့ ... အာဏာရှင် ပရိသတ်က “ရန်သူပါ ဘုရား” လို့ လိုက်ပြီးတော့ အော်တယ်။

အဲဒီနောက် အသံရှင်က “မီးကြွင်း မီးကျန်လည်း မထားနဲ့၊ ရန်ကြွင်း ရန်ကျန်လည်း မထားနဲ့။ မြန်မြန်ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်၊ လွှနဲ့ ပြတ်ရင် လွှနဲ့ဖြတ်၊ တုတ်နဲ့ပြတ်ရင် တုတ်နဲ့ဖြတ်၊ ဓားနဲ့ပြတ်ရင် ဓားနဲ့ဖြတ်၊ ပုဆိန်နဲ့ပြတ်ရင် ပုဆိန်နဲ့ဖြတ်၊ လက်သီးနဲ့ပြတ်ရင် လက်သီးနဲ့ဖြတ်။ ဝန်ကြီး ... မြန်မြန်ဖြတ်ဆိုတာ နားလည်သွားပြီလား” လို့ ဆက်မေးတယ်။ ဝန်ကြီးဆိုသူနဲ့ အပေါင်းပါတွေက “နားလည်ပါပြီ ဘုရား“ တဲ့။ အတိုင်အဖောက် ညီလိုက်တဲ့ ဖြစ်ခြင်း။ ဝန်ကြီးတွေကိုတောင် သြဝါဒ ပေးခွင့်ရှိတဲ့ သံဃာ့ ခေါင်းဆောင် ဆရာတော် တပါးရဲ့ နှလုံးသားဟာ ဒါလောက် အောက်တန်းကျပြီး မယုတ်မာသင့်ပါဘူး။ “ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်၊ ကိုယ့်နံရိုးကို ချိုးရင် သူ့နံရိုးကို ပြန်ချိုး၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုး” လို့ဆိုတဲ့ လက်စားချေ တရားနဲ့ ဘာထူးသေးလဲ။ “လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်” လို့ ပြောတဲ့ အသံရှင်ကို လူ့အရည်အချင်းဆိုတာ ဘာလဲ၊ ကိုယ်တိုင်ကော လူ့အရည်အချင်း ရှိရဲ့လားလို့ ပြန်မေးရလိမ့်မယ်။

အသံဖိုင် တခုလုံးရဲ့ လိုရင်းကတော့ အတိုက်အခံတွေကို ရန်သူလို့ သတ်မှတ်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပစ်ဖို့ အာဏာရှင်တွေကို “ဆရာတော်” ဆိုသူ အသံရှင်ဘုန်းကြီးက “လမ်းညွှန်တာ၊ တိုက်တွန်းတာ၊ အားပေးတာ၊ သတ်ပစ်ဖို့ ခိုင်းတာ” ဖြစ်ပါတယ်။ ဒါကြောင့် အသံရှင် ဘုန်းကြီးဟာ ဘယ်နည်းနဲ့မှ လူ့အရည်အချင်းရှိတဲ့ သူတော်ကောင်း ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။

ဝိနည်းအပြစ် ဘာလဲ
(၁) လမ်းပေါ်မှာ မေတ္တာ ပို့နေကြတဲ့ ရဟန်းတော်တွေဟာ လူသားစင်စစ် ဖြစ်ပါတယ်။

(၂) သူတို့တွေ အသက်ရှင်နေတယ် ဆိုတာကိုလည်း အသံရှင်ဘုန်းကြီး သိပါတယ်။

(၃) “ဒုတ်နဲ့ ဖြတ်၊ ဓားနဲ့ ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်” လို့ အူလှိုက်သဲလှိုက် ပြောလိုက်တဲ့ အသံရှင်ရဲ့ စကားထဲမှာ သေစေလိုတဲ့ စေတနာ မပါဘူးလို့ ငြင်းလို့ မရပါဘူး။

(၄) အဲဒီလို ရန်သူကို အမြစ်ပြတ် ရှင်းပစ်ဖို့ အာဏာရှင်တွေကို ညွှန်ကြားတဲ့အခါ လက်နက် အမျိုးအစား၊ အချိန်ကာလ၊ နေရာဒေသ စတဲ့ သတ်မှတ်ချက်တွေ မပါလို့ အာဏာရှင်ရဲ့ လက်ပါးစေ လူသတ်သမားတွေက ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လက်နက်၊ ဘယ်နည်းနဲ့မဆို ဘယ်သူ့ကိုပဲ သတ်သတ် စေခိုင်းသူ အသံရှင်ဘုန်းကြီးရဲ့ ပယောဂ မကင်းတာ သေချာပါတယ်။

(၅) ရဟန်းသံဃာတွေ၊ လူတွေ သေနတ်နဲ့ ပစ်ခံရ၊ ဒုတ်နဲ့ ရိုက်ခံရ၊ နည်းမျိုးစုံ နှိပ်စက်ခံရလို့ လမ်းပေါ်မှာ တမျိုး၊ မြစ်ထဲမှာ ပေါလောမျောလို့ တဖုံ၊ လူမသိ သူမသိနဲ့ပါ သေကြေတာကို ကမ္ဘာ အရပ်ရပ်က ရုပ်မြင်သံကြားတွေ၊ အသံလှိုင်းတွေမှာ သန်းချီတဲ့လူတွေ မြင်ရကြားရပြီး ဖြစ်ပါတယ်။ ဘာမှ အပြစ်မရှိတဲ့ ဂျပန် သတင်းထောက်ကို အာဏာရှင် လက်ပါးစေတွေက သေနတ်နဲ့ ပစ်သတ်လိုက်ပုံ အသေးစိတ်ကို ကမ္ဘာ့ ရုပ်မြင်သံကြားတွေမှာ ပြသတာကို တွေ့မြင်ရလို့လည်း တကမ္ဘာလုံးက လူတွေ မျက်ရည်ကျမတတ် ခံစားခဲ့ကြရပါတယ်။

ဒါကြောင့် ရဟန်းသံဃာနဲ့ လူတွေကို အပြတ် ရှင်းပစ်ဖို့၊ သတ်ပစ်ဖို့ အာဏာရှင်တွေကို လမ်းညွှန် သြဝါဒပေးတဲ့ အသံရှင် ဘုန်းကြီး အနေနဲ့ ဝိနည်းကို သင်ဖူးတယ်ဆိုရင် ဖော်ပြထားတဲ့ “လူသတ်အင်္ဂါ ငါးရပ်” နဲ့ ပြည့်စုံနေလို့ မိမိဟာ ရဟန်းကောင်း၊ ရဟန်းစစ် မဟုတ်တော့ဘူး ဆိုတာကို ကိုယ့်ဟာကိုယ် သိနေလောက်ပါပြီ။ အသံဖိုင်ထဲက တချို့ စကားလုံးတွေဟာ သူတော်ကောင်း ရဟန်းတွေ ပြောဆိုကောင်းတဲ့ စကားမျိုး မဟုတ်ပါဘူး။ အာဏာရှင်ကို ဒံပေါက်ထုပ်ကလေး ပေးလိုက်နိုင်တာကို “ဖား” စိတ်နဲ့ အသားယူ ပြောတာမျိုး၊ “ဝန်ကြီး” “ဗိုလ်ချုပ်ကြီး” စတဲ့ မြှောက်ကော် ဝေါဟာရတွေနဲ့ ခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေကြောင့် အလှူပစ္စည်း ရအောင်ကြံတတ်တဲ့ “ကုဟက” “လပက” လို့ ခေါ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ “သီလကြောင် ပုဂ္ဂိုလ်” ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ပြောတဲ့ ဘုန်းကြီးအတုဆိုတာ တခြား သွားမရှာပါနဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ အာဏာရှင်တွေဟာ မိမိကို ပေါင်းစားတဲ့ “ကြောင်သူတော်တွေ” ကို ဆည်းကပ်လေ့ ရှိပါတယ်။

သူတော်ကောင်း ရဟန်းတပါးအနေနဲ့ ကိုယ့်တဝမ်းတခါး စားရဖို့ လူဒါယကာ တယောက်ကို အဲဒါလောက် မြှောက်ပင့်ခယ ဝပ်တွားစရာ မလိုပါဘူး။ ဘုရားတန်ဆောင်းတွေမှာ ချိတ်ထားတဲ့ ကောသလမင်း အိပ်မက် သရုပ်ဖော် ပန်းချီကားချပ်တွေမှာ တွေ့ရတဲ့ ခွေးလိုလို၊ ဆိတ်လိုလို ကောင်တွေကို ဦးခေါင်းသေးသေး၊ နှာခေါင်းကြီးကြီး၊ နဖူးမောက်မောက်နဲ့ ခွေးခြင်္သေ့တွေ ဝန်းရံ ခစားနေတာကို အမှတ်ရစေပါတယ်။ တကယ့်ကို ဇောက်ထိုး ပြောင်းပြန်ကြီးပါ။

စဉ်းစားကြည့်ပါ
ကိုယ်တယောက် ရနိုင်စရာရှိတဲ့ မဆိုစလောက် အခွင့်အရေးကြောင့် အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုကို အားပေး အားမြှောက်လုပ်ရင် ကိုယ်အပါအဝင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ စဉ်းစား ကြည့်စေချင်ပါတယ်။

(၁) အသံရှင် ကိုယ်တိုင်မှာ အလိုအလျောက် ရဟန်းအဖြစ်က လူ့အဖြစ်သို့ လျှောကျ သွားခဲ့ရတယ်။ (သင်္ကန်း ဝတ်ထားပေမယ့် ဘုန်းကြီး မဟုတ်တော့ဘူး။ အာဏာရှင်တွေ သုံးနှုန်းတဲ့ သင်္ကန်းဝတ်ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်သင့်ပါတယ်)။

(၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ မငြိမ်းတဲ့အပြင် ရဟန်းသံဃာ၊ တိုင်းပြည့်လူထုနဲ့ အာဏာရှင် လူတစုအကြား ရန်òငိးတွေ ပိုမို ကြီးထွားသွားခဲ့ရတယ်။

(၃) အပြစ်မဲ့တဲ့ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ ပြည်သူ များစွာတို့ မသေသင့်ဘဲ သေဆုံးကြရတယ်။

(၄) အနာဂတ် ဗုဒ္ဓသာသနာရဲ့ အာဇာနည်လောင်းတွေ ဖြစ်တဲ့ စာသင်သား သံဃာငယ်တွေ အတင်းအဓမ္မ လူဝတ် လဲခံရတယ်။

(၅) ဗုဒ္ဓကျမ်းစာကို သင်ကြား ပို့ချပေးတဲ့ စာသင်တိုက်ကြီးတွေ ညအချိန်မှာ စစ်နယ်မြေက ရန်သူ့စခန်းလို ဥပဒေမဲ့ အဓမ္မ ဝင်ရောက် စီးနင်း၊ လုလက်ဖျက်ဆီး၊ သတ်ဖြတ် ခံကြရတယ်။

(၆) “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ဗုဒ္ဓအဆုံးအမ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူမဆန်တဲ့ ရိုင်းစိုင်း ရက်စက်မှုတွေ ဖြစ်ပေါ်နေတာကို ကမ္ဘာက သိမြင်သွားလို့ တမျိုးသားလုံး အရှက်တကွဲ ဖြစ်ရတယ်။

(၇) အာဏာရှင်တွေ သက်ဆိုးရှည်သလောက် တိုင်းပြည် လူထုရဲ့ဘဝ ဆင်းရဲတွင်း နက်စေတယ်။

လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်လို့ အာဏာရှင် ပရိသတ်ကို လိုက်ဆိုခိုင်းခဲ့တဲ့ ဆရာတော်ဆိုသူ အာဏာရှင်ရဲ့ အလိုတော်ရိ “ဖော်လံဖား” ကိုယ်တိုင်မှာ လူ့အရည်အချင်း လူ့ဂုဏ်သိက္ခာ ကင်းမဲ့လို့ ဖော်ပြပါ အကျိုးဆက်တွေ ဖြစ်ခဲ့ရတာပါ။

မသူတော်ကို ရှောင်ပါ
အသံရှင် ဘုန်းကြီးအနေနဲ့ အာဏာရှင်ကို ထောက်ခံတယ် ဆိုရင်လည်း သူ့ရဲ့ ရွေးချယ်မှုပဲ ဖြစ်လို့ မဝေဖန်လိုပါဘူး။ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။ ဒါပေမဲ့ အသံရှင် “ဆရာတော်” ဆိုသူရဲ့ နည်းလမ်းမကျ မှားယွင်းတဲ့ လမ်းပြစကား၊ လူတွေကို သတ်ဖြစ်အောင် အားပေးတဲ့ စကားတွေကြောင့် လက်နက်ဆိုလို့ မေတ္တာ ပို့သံမျှသာ ပါရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး မိမိဆန္ဒကို ဖော်ပြနေကြတဲ့ အပြစ်မရှိတဲ့ စာသင်သား ရဟန်း သံဃာတော်တွေ၊ ကျောင်းသား လူငယ်တွေ၊ ပြည်သူပြည်သားတွေ မမြင်ရက်၊ မရှုရက်လောက်အောင် သွေးမြေကျရတာကတော့ သမိုင်းတွင်ရစ်တဲ့ တကယ့် အဖြစ်ဆိုးကြီးပါ။

ဒါကြောင့် ၁၂ဝဝ ကျော်ရှိတဲ့ အဲဒီ ကျောင်းတိုက်က တပည့် သံဃာတော်တွေကိုရော ထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေကိုပါ “အသေဝနာ စ ဗာလာနံ” ဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်း သူတော်ကောင်း မဟုတ်တဲ့ အဲဒီလို သူတော်ယောင် ပုဂ္ဂိုလ်မျိုးကို ရှောင်ကြဉ်ဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလိုပုဂ္ဂိုလ်ကို ဆက်လက်ပြီး ထောက်ပံ့ အားပေးနေအုံးမယ်၊ ဆရာအဖြစ် ကိုးကွယ်နေအုံးမယ် ဆိုရင် လူမိုက်နောက်လိုက်၊ အဓမ္မရဲ့ ဘက်တော်သားတွေပဲ ဖြစ်နေမှာမို့ပါ။

အာဏာရှင်တွေရဲ့ သံဃာကို သင်းခွဲတဲ့ လုပ်ကြံဖန်တီးမှု မဟုတ်ရင် ဒီအသံဖိုင်ကို စစ်ရုံးကနေ အပြင်ရောက်အောင် ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ အဓမ္မကို အဓမ္မမှန်း သိတဲ့ လူကောင်း သူကောင်း တယောက် ဖြစ်ပါလိမ့်မယ်။

သြဝါဒဆိုတာ
အသံဖိုင်ထဲမှာ “သြပါဒ ခံယူပွဲ” တဲ့။ စကားလုံး ဝေါဟာရကတော့ ခမ်းနားလှပါရဲ့။ ဒါပေမဲ့ စကားလုံး လှပသလောက် အလုပ်က အရုပ်ဆိုးနေပါတယ်။ ဟုတ်ပါတယ်၊ သြဝါဒဆိုတာ မကောင်းတာကို မလုပ်ဖို့ တားမြစ်ပြီး ကောင်းတာကို လုပ်ဖို့ ညွှန်ကြားတာ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်အောင် သင်ကြားပေးတာပါ။ “သြဝါဒ” ဟာ ဘယ်နည်းနဲ့မျှ “လူသတ်လမ်းညွှန်” မဖြစ်သင့်ပါဘူး။

ပထမ ရွှေကျင် ဆရာတော် ဘုရားကြီးရေးတဲ့ “ဝိစိတြဝန္ဒနာ ဘုရားရှိခိုးကျမ်း” မှာ ဗုဒ္ဓဟာ မိမိကို သေကြောင်းကြံတဲ့ အရှင်ဒေဝဒတ် ကိုတောင် သားတော် ရာဟုလာနဲ့ထပ်တူ မေတ္တာ ထားတော်မူတယ်လို့ ရေးထားပါတယ်။

ဒါကြောင့် အာဏာရှင်တွေကို စကားပြောခွင့်ရတဲ့ အသံဖိုင်ထဲက အသံရှင် ဘုန်းကြီးအနေနဲ့ “ရန်လိုရင် ရန်ပိုတယ်၊ ရန်မလိုမှ ရန်ပြိုတယ်” ဆိုတဲ့ ဒုတိယရွှေကျင် သာသနာပိုင် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရဲ့ သြဝါဒကို ပေးလိုက်နိုင်ရင် အနည်းဆုံး အတိုက်အခံနဲ့ အာဏာရှင်တွေ အကြား ရန်သူလို သဘောမထားဘဲ တင်းမာမှုတွေ လျော့သွားပြီး အာဏာရှင်တွေ အနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူကို မသတ်မိအောင် ဆင်ခြင်ကောင်း ဆင်ခြင်သွားစေ နိုင်ခဲ့မှာပါ။ ဒီလိုဖြစ်ခဲ့ရင် အသံရှင် ပုဂ္ဂိုလ်ဟာလည်း (ရွှေဥမင် ဆရာတော်ရဲ့ စကားအတိုင်း) “လောကတွင် အလွန့်ယောက်ျား” ဖြစ်သွားနိုင်ခဲ့မှာပါ။ ခုတော့ သူ့ခမျာ တသက်လုံး ထိန်းသိမ်းလာတဲ့ သိက္ခာတွေ၊ လုပ်ဆောင်ချက်တွေ တခါတည်း စုန်းစုန်း နစ်ရရှာပြီပေါ့။

(ဗုဒ္ဓသာသနာကို ထိခိုက်လွန်းလို့ပါ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ကို မရည်ရွယ်ပါဘူး။)

Friday, October 5, 2007

ရုရှရောက် စစ်အာဏာရှင် ပေါက်စ (http://www.mmedwatch.blogspot.com/မှ ပြန်လည်ကူးယူဖော်ပြထားပါသည်။)

(နအဖကို နွားအဖဟု အမည်ပြောင်းရန် အကြံပေးလာကြပါသည်။ ပေးမည်ဆိုလည်း ပေးလောက်စရာဖြစ်ပါသည်။ ဦးနှောက်အဆေးခံရသော နွားကြီး၊ နွားကလေးများမှာ မည်သည့် သတင်းအချက်အလက်များပေးစေကာမူ နွားကား နွားသာဖြစ်သည်။ ထိုနွားများထဲမှ နွားတစ်ကောင်ဖြစ်သည့် ဗိုလ်ပေါက်စနေလင်းမောင်မှာ ထိုအထဲမှ တစ်ကောင်ဖြစ်ပါသည်။ ဘလော့ဂ်ဖျက်သိမ်းခြင်းကြောင့် ကျွန်ုပ်တို့က ဓါတ်ပုံ ပယ်ဖျက်သေးသည်ကိုပင် ထွက်ခတ် ခတ်ပြီး "ဘယ်သူ့ကျွန်များကြောင့် ဘယ်
ဝါ့ကျွန်များကြောင့် " လုပ်ချင်သေးသည်။

နေ့စဉ်မပျက်ပင် နေလင်းမောင်၏ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမှုကို ဖတ်လိုကြောင်း စာပေါင်းများစွာ ရောက်လာသည်ကတစ်ကြောင်း၊ နေလင်းမောင် အမည်ရ ငကြောင်၏ ကဂျိုးကဂျောင် ပြန်ကြားချက်ကြောင့်လည်းကောင်း ကျွနုပ်တို့က လျှို့ဝှက်ပေးထားသော သူ၏ပို့စ်ကို လူသိရှင်ကြားတင်ရန်၊ သူ၏ ကိုယ်ရေးကိုယ်တာအချို့ကို တို့ထိပေးရန် သဘောတူလိုက်ကြပါသည်။

ပိုစ့်ကို အောက်တွင်ဖတ်ပါ။

ကြောင်သူတော် ကိုယ်ရေးကိုယ်တာအချို့ဟူသည်ကား....
(၁) သူသည် စစ်ဗိုလ်ပေါက်စ ဖြစ်ကာစတွင် အပြင်မထွက် မရှုပ် မပွေသူဟု နာမည်ရပါသည်။ ဦးလေးအိမ်တွင်သာ အိမ်တွင်းပုန်းလုပ်၍ နေရပါသည်။ များမကြာမီပင် ဦးလေး၏သမီး (နှမ၀မ်းကွဲအရင်းကြီး) နှင့် ကျုးကျုးလွန်လွန်ဖြစ်ပြီး ဗိုက်ကြီးပါသည်။ ဗိုက်ကြီးလာစဉ်ပင် ရုရှပညာသို့ ပညာသင်ရောက်လာပါသည်။

(၂) ထိုနှမ တစ်ဝမ်းကွဲခေါက်ခေါက်၏ ဗိုက်ကိုလည်း တာဝန်မယူဟု သိရပါသည်။ (ဤအချက်များသည်ပင် သူ၏ လူမုန်းများခြင်း၊ ဒေါက်ဖြုတ်ခံရခြင်းဖြစ်ဖွယ်ရှိပါသည်။)

(၃) ကိုယ့်ကိုယ်ကို လိပ်ပြာမလုံပါဘဲလျှက်၊ ကိုယ့်နှမကိုယ်ပင် မစောင့်စည်းနိုင်ပါပဲလျှက် စကားကြီးစကားကျယ်တွေ ပြောမနေရန် ကျွန်ူပ်တို့က အထုပ်ဖြေလိုက်ပါသည်။

အကယ်၍ (အမည်ရင်း နေလင်းမောင်၊ ကိုယ်ပိုင်နံပါတ် ၃၅၇၅၆၊ အဖကားဒရိုင်ဘာ၊ နေရပ် မန္တလေး ပိုက်ကျုံး၊ လောလောဆယ် Mephi University (Russia, Moscow)၊ စည်းကမ်းထိမ်းသိမ်းရေး ကျောင်းသားခေါင်းဆောင်) အနေဖြင့် ချေပပြောဆိုလိုပါက မည်သည့် မီဒီယာတွင်ဖြစ်စေ၊ ကျွန်ုပ်တို့မီဒီယာမှဖြစ်စေ ပြောဆိုချေပနိုင်သည်။ (ကျွန်ုပ်တို့က ဆင်ဆာမဖြတ်ပါ)။)



From Oppositeye blog (ယခု ဖျက်သိမ်းပြီး)


သူငယ်ချင်းတစ်သိုက်ကိုလဲ ငါပြောပြချင်သေးတယ်ကွာ..

ငါ့ဘလော့ခ်နဲ့ ပတ်သတ်လို့ ရှင်းပြရရင် ဒီဘလော့ခ်စတင် ဖြစ်လာရတဲ့ အကြောင်းက တလောက BBC ကလွင့်သွားတဲ့ ရုရှားရောက် မြန်မာကျောင်းသားတွေ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး စတင်ပေါ်ပေါက်လာတာပါ..သူတို့ ဘယ်လိုသတင်းလွှင့်သွားတယ်ဆိုတာလဲ မင်းတို့လဲကြားလိုက်ရသလို မင်းတို့ငါတို့ကိုလဲ စော်ကားသွားတာပဲ မဟုတ်လား..တကယ်တော့ ရုရှားရောက်နေတဲ့ ကျောင်းသားတွေဆိုတာ သာမန်ပြည်သူတစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် လူငယ်လူလွတ်အရွယ် ၂၀ နဲ့ ၂၅ ၀န်းကျင်တွေများပါတယ်..အဲဒီအတွက် လူငယ်သဘာဝ မိန်းခလေးများနဲ့ ချစ်ကြိုက်ကြတာ ချစ်သူရည်းစား၊ ဘ၀ကျင်ဖော်ရှာဖွေကြတာတွေ ရှိပါတယ်..ဒါပေမဲ့ သတင်းမှာတော့ ဒါဟာအပြစ်ကြီးတစ်ခုလို ဖြစ်နေတာ ဘာလို့များပါလဲ...

သူတို့စကားနဲ့ သူတို့ပြောရမယ်ဆိုရင်တော့ လူကိုလူလို့ မမြင်ကြလို့သာ သူတို့အနေနဲ့ အပြစ်လို့ မြင်နေကြတာပါပဲ...သူငယ်ချင်း..ငါတို့တွေက စက်ရုပ်တွေ မဟုတ်သလို ကာမစိတ်ကုန်ခမ်းနေတဲ့ သက်ကြီးရွယ်အိုတွေလဲ မဟုတ်ဘူးလေကွာ..စစ်သားတွေ အရာရှိတွေ မိန်းမမယူရဘူး၊ ရည်းစားမထားရဘူးလို့ တာမြစ်ထားတာမှ မရှိတာ.အဲဒါကို အပြစ်လိုလုပ်ပြောပြီး ငါတို့တွေ အေးအေးဆေးဆေးနေနေတာကို လာခလုတ်တိုက်သွားတဲ့အတွက် ဒီဘလော့ခ်ကို လုပ်လိုက်တာပါပဲ..

ဘလော့ခ်ရဲ့ Profile မှာ ရေးထားသလို ဒီဘလော့ခ်ကို စတင်လုပ်မယ်ဆိုကတည်းက အရင်ဆုံး ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကို ငါစဉ်းစားထားပြီးသားပါ..အဲဒီအတွက်တော့ သူငယ်ချင်းရေ မင်းပြောလိုက်လို့ ငါတုန်လှုပ်မသွားပေမယ့် ငါအံ့သြမိတာတော့ အမှန်ပဲ..ဘာလို့လဲဆိုတော့ ငါကမင်းတို့ကို စစ်သားတွေလို့ မြင်နေတာကိုး.. အဲဒီသတင်းအတွက်လဲ မင်းတို့သူငယ်ချင်းတစုကတော့ ပျော်ရွှင်မဆုံးဘူးပေါ့ကွာ.. ဒါပေမယ့် ငါအပြစ်မပြောပါဘူး..မင်းတို့ကို ၂ နှစ်လောက် BBC နားထောင်ပြီး စစ်တပ်မကောင်းကြောင်းတွေကို ရိုက်သွင်းပေးသွားတဲ့၊ အခုလဲ ပြောမြဲပြောနေတဲ့ မင်းတို့ရဲ့ အပေါင်းအပါတွေကြောင့်သာ မင်းတို့ဒီလိုလုပ်ရပ်တွေ လုပ်ပြီး ရဲဘော်ရဲဘက်စိတ်ပျေက်သွား တယ်လို့ ငါသိထားလို့ပဲ..

မင်းတို့တွေ စစ်တပ်ထဲမှာနေ စစ်တပ်မကောင်းကြောင်းပြောပြီး ဆန့်ကျင်ဘက်မီဒီယာတွေကို ဆောင်းပါးတွေ ရေးပို့နေတာ ငါသိထားပေမယ့် ငါကတော့ ရဲဘော်ရဲဘက်စိတ် ရှိတယ် သူငယ်ချင်း..ငါ မလုပ်ပါဘူး..အဲဒီလိုပဲ မင်းနဲ့ အပေါင်းအပါတွေကိုလဲ ငါဖော်ကောင် မလုပ်ပါဘူး..သစ္စာမဖောက်ပါဘူး.. ဒါပေမဲ့ သူငယ်ချင်း စစ်တပ်မှာတော့ သစ္စာဖောက်တာ မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ..အရပ်သားတစ်ယောက်က စစ်တပ်မကောင်းကြောင်းပြောတာ ငါလက်ခံပေမဲ့ မင်းလို စစ်သားတစ်ယောက်က စစ်တပ်ထမင်းစားပြီး စစ်တပ်မကောင်းကြောင်းပြောတာ ငါအံ့သြသလို စိတ်လဲတိုတယ်..

ငါ့လိုပဲ မင်းတို့ကို စိတ်တိုနေတဲ့ သူငယ်ချင်းတွေလဲ အများကြီးပဲ..မင်းတို့တွေ ဘယ်ခြေလှမ်းကို လှမ်းနေကြတယ်ဆိုတာလဲ သိနေတဲ့သူတွေ တစ်ပုံကြီးပဲ သူငယ်ချင်း..ပြောလို့မကောင်းလို့သာ မသိချင်ဟန်ဆောင်နေကြတာ..အဲဒီတော့ မင်းစစ်သားတစ်ယောက်ဖြစ်ပြီး စစ်တပ်မကောင်းဘူးပြောနေရင် Honour ရှိရှိ စစ်တပ်ကထွက်လိုက် သူငယ်ချင်း..အကောင်းဆုံးပဲ..မင်းသိထားဖို့က ငါတို့မြန်မာ့တပ်မတော်က တစ်ဦးနဲ့တစ်ဦး သစ္စာရှိသလို အထက်ကပေးအပ်တဲ့ အမိန့်ကိုလဲ လွန်ဆန်တယ်ဆိုတာ မရှိခဲ့ဘူး..အဲဒီတော့ မင်းတို့တသိုက် ဆက်ရှိနေရင် ကြာလာရင် မြန်မာ့တပ်မတော်ဟာ မလုပ်ဖူးတာတွေ လုပ်လာလိမ့်မယ်လို့ ငါမြင်ယောင်မိတယ်..

သူငယ်ချင်း..မင်းဆန့်ကျင်ဘက်သမား..စစ်တပ်မကောင်းကြောင်းပြောချင်ရင် မင်းတို့ဟာမင်းတို့ စစ်တပ်ကထွက်လိုက်ကျတာ မင်းတို့အတွက် အကောင်းဆုံးပဲ..မင်းတို့ပြောတဲ့ မကောင်းဘူးဆိုတဲ့ စစ်တပ်မှာ ခိုကပ်ပြီးတော့ $ ၂၅၀ ကို မျက်နှာပြောင်တိုက် ယူနေတာကတော့ မကောင်းဘူးပေါ့ကွာ.. မင်းတို့ပြောတဲ့ မကောင်းဘူးဆိုတဲ့ စစ်တပ်မှာ မင်းတို့တွေ ဘာလို့များ ဆက်နေနေကြသေးသလဲ.. မင်းတို့ကို ငါအရမ်း အံ့သြမိတာကတော့ UN တပ်တွေ မြန်မာနိုင်ငံကို မ၀င်လို့ စိတ်တိုနေကြတဲ့ မင်းတို့ကောင်တွေရဲ့အကြောင်းကို ကြားရတဲ့ အချိန်ပဲ..

အရပ်သားတစ်ယောက် ပြောရင်တောင် မင်းတို့က စစ်သားဖြစ်တဲ့အတွက် နားလည်အောင် ပြောပြရမဲ့ဟာက မင်းတို့ကိုယ်တိုင်ကပါ အဲဒီလို ဖြစ်နေတော့ ငါပိုပြီး အံ့သြမဆုံးဖြစ်မိတာ အမှန်ပဲ..အဲဒီတော့ သူငယ်ချင်းရေ မင်းတို့အတွက်တော့ အလားအလာကောင်းမှာ မဟုတ်ဘူးကွာ..မင်းတို့တွေရဲ့ စိတ်ထဲမှာ ရိုက်သွင်းခံထားရတဲ့ အစိုးရဆန့်ကျင်ရေးဝါဒတွေ၊ စစ်တပ်မကောင်းကြောင်း ၀ါဒတွေဝင်နေတဲ့အတွက် မင်းတို့တွေ စစ်တပ်မှာ ဆက်နေလို့မရနိုင်ဘူးလို့ ငါထင်တယ်..

အဲဒီတော့ မင်းတို့အုပ်စု စစ်တပ်မကောင်းဘူးလို့ ပြောချင်ရင် စစ်တပ်က ကျွေးတာမစားနဲ့၊ ပေးတာမယူနဲ့၊ စစ်တပ်ကထွက်ပြီး ဆန့်ကျင်ကြ..ကျွေးတာစား ပေးတာယူပြီးတော့မှ ခေါင်းဆောင်ကို အာမခံချင်နဲ့၊ အဖွဲ့အစည်းကို အာမခံချင်နဲ့ကွာ...နောက်တစ်ချက်က မင်းတို့ပြောလိုက်လို့ ငါဘယ်လိုမှ တုန်လှုပ်မသွားတာ အမှန်ပဲ.. ဘာလို့လဲဆိုတော့ ငါစလုပ်ထဲက ငါအဖွဲ့အစည်းတစ်ခုလုံးအတွက် ငါလုပ်ခဲ့တာ..ငါဘာတေါနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုလဲ ငါတွေးထားပြီးသား..အရာရှိတစ်ယောက် နိုင်ငံရေးမှာ ၀င်ပါလို့ အပြစ်ပေးရင်လဲ ငါခံရမယ်ဆိုတာကို ငါကြိုတင်ပြင်ဆင်ထားပြီးသား သူငယ်ချင်း..

မင်းတို့လဲ အဲဒီအတွက်တော့ ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်..ဒီဘလော့ခ်နဲ့ ပတ်သက်ပြီး ငါအရင်ဆုံး ကြုံတွေ့ရတာကတော့ အမြင်ချင်းမတူတဲ့ ငါ့ချစ်သူနဲ့ လမ်းခွဲလိုက်တာပဲ.. ငါ့အတွက်ကတော့ ချစ်သူဆိုတာ ရှာသလောက်ရနိုင်ပေမဲ့ စစ်သားတစ်ယောက်အနေနဲ့တော့ စစ်တပ်ထဲ တစ်ခါပဲ ၀င်ခွင့်ရှိတယ် သူငယ်ချင်း.. ဗိုလ်လောင်းဘ၀တုန်းက ငါတို့မင်းတို့တွေ ဂုဏ်ယူခဲ့ကြတာ မင်းတို့လဲ မှတ်မိမှာပေါ့ကွာ..ငါတို့ဟာ ယောက်ျား၊ ယောက်ျားမှာမှ စစ်သား၊ စစ်သားမှာမှ ဗိုလ်လောင်း၊ ဗိုလ်လောင်းမှာမှ စစ်တက္ကသိုလ်ဗိုလ်လောင်ဆိုပြီး ဂုဏ်ယူခဲ့ကြတာမှတ်လား.. မင်းတို့အနေနဲ့ စစ်တပ်မကောင်းဘူးလို့ ပြောပြီးအချိန်မှန် လစာထုတ်နေတာကတော့ ရှက်တတ်မယ်ဆိုရင် ရှက်ဖို့ကောင်းတယ် သူငယ်ချင်း..

လောကမှာ လူသားတိုင်း အမှားကိုယ်စီတော့ ရှိကြတာပါပဲ..ငါမှာလဲ အမှားတွေ ရှိသလို မင်းတို့တွေလဲ အမှားတွေ ရှိတာပဲ.. ဒါပေမဲ့ ကိုယ့်အမှားကိုတော့ မမြင်ကြဘူးမှတ်လား..မင်းတို့မှားတဲ့ အမှားကို ငါ့အနေနဲ့ ပြောရမယ်ဆိုရင် မင်းတို့ဟာ BBC တွေ၊ ဆန့်ကျင်ဘက်လူတွေ ပြောတာတွေကို နားရည်ဝလို့အမှန်ထင်နေပေမဲ့  စစ်သားတစ်ယောက်ဖြစ်တဲ့ မင်းတို့အတွက်တော့ စစ်တပ်ကြီးတစ်ခုလုံးနဲ့ ရဲဘော်ရဲဘက်တွေ အတွက်တော့ မဟာအမှားကြီးတွေကို လုပ်နေတာပဲ သူငယ်ချင်း..

စာရေးသူ OppositEye at 9/30/2007 05:57:00 AM

Tuesday, October 2, 2007

Burmese Official Confronted in New York After UN Speech

အန်တီ မျက်နှာလုံးဝမကောင်းပါ။ သူသိနေပါတယ်။ ဗြုံးစားကြီး Gambari ရောက်လာတယ်ဆိုတာကို command sense အရ သိနေပါပြီ။ နအဖ ရက်ရက်စက်စက်လုပ်လိုက်ပြီဆိုတဲ့အရာကို သိနေလို့ အန်တီ မျက်နှာ လုံးဝမကောင်းပါ။
ကျနော်တော့ လုံးဝယုံနေပါတယ်။ မကြာခင် နအဖ ကျဆုံးတော့မှာပါ။ ဖိနှိပ်မှုများလေ၊ အုံကြွလေပါပဲ။ လက်နက်အားကိုးပြီး၊ ၈၈ အာဏာသိမ်းပုံလိုမျိုးနဲ့ ထိမ်းလို့ရမယ်ထင်နေတယ်။ မကြာခင်မှာ အာဏာရှူးလက်တစ်ဆုပ်စာ စစ်အာဏာရှင်တွေကို ဖယ်ရှားမယ့် ပြည်သူ့ဘက်တော်သား တပ်မတော်သား စစ်စစ်တွေသိပ်မကြာခင် ပေါ်လာပါတော့မယ်ဆိုတာကိုတော့ ကျနော်ယုံကြည်နေပါတယ်။
အမျိုးဘာသာ သာသနာကိုတော့ အကွယ်အပျောက်ခံမှာမဟုတ်ပါ။ ပြည်သူ့ဘက်တော်သား တပ်မတော်သားစစ်စစ်တွေ ပါလာအောင် ကျနော်တို့ တတ်နိုင်သလောက် စည်းရုံးကြဖို့လိုပါတယ်။



့ဥာဏ်ဝင်းပြောတဲ့မဟုတ် မမှန်တွေကို ဒေါသဖြစ်နေသော မျိုးချစ်မြန်မာNYလူအုပ်ကြီး

ဖမ်းဆီးခံထားရသူများစာရင်း

http://niknayman.blogspot.com/ cbox မှ ယူထားပါသည်။ jep image file ပြောင်းပြီး၊ ဖော်ပြထားပါသည်။








Monday, October 1, 2007

'Massacred monks dumped in the jungle'

Monday, October 1, 2007

The bodies of hundreds of executed monks have been dumped in the jungle in Burma and thousands of protesters are dead, a former intelligence officer for Burma's ruling junta has claimed.

Speaking from his border hideout last night Hla Win said: "Many more people have been killed in recent days than you've heard about. The bodies can be counted in several thousand."

Mr Win, the most senior official to defect so far, said he fled when he was ordered to take part in a massacre of holy men. He is hoping to cross into Thailand and seek asylum at the Norwegian Embassy.

The 42-year-old, who is ex chief of military intelligence in Rangoon's northern region, said: "I decided to desert when I was ordered to raid two monasteries and force several hundred monks onto trucks.

"They were to be killed and their bodies dumped deep inside the jungle. I refused to participate in this."

He made his escape with his teenage son from Rangoon, leaving behind his wife and two other sons.

The claims are reported by the exiled Burmese blogger Soneseayar.

Reports from exiles along the frontier claimed that hundreds of monks had simply "disappeared" as 20,000 troops swarmed around Rangoon yesterday to prevent further demonstrations by religious groups and civilians.

Reports reaching dissidents hiding out on the border also suggested some 2,000 monks are being held in prison or in university rooms which have been turned into cells. It was claimed that many were savagely beaten at a sports ground on the outskirts of Rangoon, where they were heard crying for help. Others who had failed to escape disguised as civilians were locked in their bloodstained temples.

Meanwhile, Ibrahim Gambari, the United Nations special envoy, was in Burma today seeking meetings with the ruling military junta in attempts to halt violence against monks and pro-democracy activists.

Heavily-armed troops and police flooded the streets of Rangoon during Mr Ibrahim's visit at the weekend to prevent new protests.

He is yet to meet senior general Than Shwe or his deputy Maung Aye. The meeting is now expected tomorrow.


http://www.metro.co.uk/news/article.html?in_article_id=68276&in_page_id=34&ito=newsnow

‘‘Quick Regime Change အတွက် ဘက်ပေါင်းစုံကနေ ပြင်ဆင်ဆောင်ရွက်ကြပါတော့’’

ကျနော်တို့ ပြည်ပက သူတွေအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြရတော့မယ်။ ဒီခွေးမသားထက်တဲ့ အဆင့်ထက်ကို အဆင့်အတန်းမရှိတဲ့ ‘‘နအဖ’’က သူတို့ အသက်သေသည်အထိ အာဏာကို စုပ်ကိုင်ထားတော့မှာ၊ ဒါက သိပ်ကို ရှင်းနေပါပြီ။ ဘုရားရှင်တော်မြတ်က ငြိမ်းချမ်းရေးတရားဟောရင်တောင် ဘုရားရှင်တော်မြတ်ကိုတောင်သတ်ဝံ့မယ့်လူတွေဖြစ်နေပြီ။ ရန်စွယ်တငေါငေါနဲ့ခွေးဘီလူးလိုဖြစ်နေပြီ။ အဲဒီခွေးကို ခြောက်ဖို့နိုင်ဖို့ဆိုတာ ကျနော်တို့ လက်နက်ရှိမှ ဖြစ်မယ်။ ကျနော်တို့ နည်းလမ်းပေါင်းစုံကိုသုံးပြီး စုပေါင်းညီစွာနဲ့ နအဖ လက်တစ်စုပ်စာ စစ်အာဏာရှင်ကို ကိုယ်တိုင်ပါဝင် စွန့်လွတ်မှုနဲ့အတူ အမြစ်ကနေယိုင်နှဲ့ပြီးတော့ ကျိုးပမ်းကြပါစို့။