လူစည်ကားရာ နေရာတွေ မှာ လျှပ်တပြက် ပို့စ်ကတ် အရွယ်အစားတွေလိုမျိုး ဖြန့်ပေးကြဖို့ တိုက်တွန်းပါတယ်.....
forwarding via from group mail
Thursday, February 28, 2008
Tuesday, February 26, 2008
Thursday, February 14, 2008
KNU အတွက်သာမက မြန်မာပြည်အတွက် တန်ဘိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီး
ကရင်လူမျိုးခေါင်းဆာင်တယောက်ပေမဲ့ မြန်မာစာပေ နဲ့ မြန်မာကဗျာတွေကို ခုံမင်နှစ်သက်တဲ့ နူးညံ့ သိမ့်မွေ့သော သူ တယောက်၊ ကရင့် တော်လှန်ရေးအတွက် အလွန်အားထားရသော သူတယောက်၊ ပြည်ထောင်စု စစ်စစ်မူ ဖော်ဆောင်ဖို့အတွက် မြန်မာပြည်ရဲ့ အားထားရဆုံးသော ခေါင်းဆောင်တယောက် ----- ဒီနေ့ ညနေ ပိုင်းမှာ ရက်စက်၊ ယုတ်မာ၊ ပက်စက်သော လူတစုရဲ့ လက်ချက်ကြောင့် ကျဆုံးသွားရချေပြီ------
ကရင် တမျိုးသားလုံး အတွက်သာမက အမိမြန်မာပြည်အတွက် တန်ဘိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးပါ။ စလုံရေ ---- မင်းနဲ့ အတူ တလောကမှ တိမ်းပါးသွားတဲ့ မင်းအမေ၊ မင်းချစ်တဲ့ ကရင်လူထုနဲ့ အတူ ငါလည်း ထပ်တူ ၀မ်းနည်းကြေကွဲမိပါတယ်၊ မပြီးဆုံးသေးတဲ့ မင်းအဖေ အသက်စွန့်ပေးစပ် ထမ်းရွက်သွားတဲ့ ကရင့်တော်လှန်ရေးအတွက် မင်းရယ်၊ မင်းရဲ့ အမ တို့ နဲ့ အတူ မင်း အဖေ ကိုယ်စား ဆက်လက် ထမ်းရွက်ပါအုံးလို့ တောင်းဆိုချင်ပါတယ် ---- အထွေထွေ အတွင်းရေးမှူး ဖဒို မန်းရှာ ကောင်းရာ သုဂတိ လားပါစေ------
Wednesday, February 13, 2008
၉၃ နှစ်ပြည့် ဗိုလ်ချူပ် အောင်ဆန်း
ဗိုလ်ချူပ် မြင်ချင်တဲ့ မြန်မာနိုင်ငံတော်ကြီးဟာ တလမ်းသွား ငဘ ငတုံးတွေကြောင့် အဘက်ဘက်ယိုယွင်းကျဆုံးနေသော နိုင်ငံတော်ကြီး ဖြစ်နေပြီ၊ အခုလည်း ငါ့မြင်းငါစိုင်း ခွေးသဘောက်မသားတွေ ထင်သလိုလုပ်နေပြန်ပြီ---
ဒင်းတို့ ထင်သလိုလုပ်လို့ မရအောင် ကျနော်တို့ နောင်မျိုးဆက်အထိ ကြိုးစား လုပ်ဆောင်သွားပါမည်ဟု ဗိုလ်ချူပ်အား တိုင်တည် သစ္စာပြုပါသည်----

Tuesday, February 12, 2008
၆၁ နှစ်ပြည့်မြောက် ပြည်ထောင်စုနေ့
ပြည်ထောင်စု စစ်စစ် အဖြစ်ဖော်ဆောင်ဖို့ အခွင့်အရေးတွေ ဆုံးရှူံးသွားခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းကနေ အခု ၂၀၀၈ ခုနှစ် ဆိုတဲ့ ၂၁ ရာစုထဲရောက်နေပါပြီ။ ကျနော်တို့ လိုချင်တဲ့ပြည်ထောင်စု စစ်စစ်ကိုဖော်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစား၊ ပေးစပ်ကြရအုံးမယ်။ စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့ ဖော်ဆောင်ချင်တဲ့ပြည်ထောင်စု စစ်စစ်ကို ရအောင်၊ နည်းမျိုးစုံနဲ့ ကြိုးစားလုပ်ဆောင်ကြပါစို့။
Wednesday, February 6, 2008
နေဘုန်းလတ်သို့ ….
ခင်ဗျား နဲ့ အတူ ဖမ်းဆီးခံနေရတဲ့ ရဟန်း၊ ကျောင်းသား၊ ပြည်သူတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့
ကျနော်တို့ တတွေမှာ ပိုပြီး တာဝန်ရှိသွားပါပြီ။ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ အတွက် ညီညွတ်စွာ နဲ့ အားသွန်ခွန်စိုက် ကြိုးစား သွားကြမယ်----
ဒီမှယူသည်။
(အောက်ကခေါင်းစဉ်နဲ့ ပို့စ်လေးကို .. နေဘုန်းလတ်အတွက် သူ့ ဘလောဂ့်တစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ အားလုံးဘလောဂ့်တွေမှာ ဖြစ်နိုင်ရင် တင်ပေးကြပါ ။
ဖြစ်နိုင်မယ်ဆိုရင် တခြားဘလောဂါ့တွေဆီလည်း ဆက်ပို့ပြီး ဖြန့်ပေးစေချင်ပါတယ် ။)
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Subscribe to:
Posts (Atom)