Pages

Thursday, February 14, 2008

KNU အတွက်သာမက မြန်မာပြည်အတွက် တန်ဘိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီး



ကရင်လူမျိုးခေါင်းဆာင်တယောက်ပေမဲ့ မြန်မာစာပေ နဲ့ မြန်မာကဗျာတွေကို ခုံမင်နှစ်သက်တဲ့ နူးညံ့ သိမ့်မွေ့သော သူ တယောက်၊ ကရင့် တော်လှန်ရေးအတွက် အလွန်အားထားရသော သူတယောက်၊ ပြည်ထောင်စု စစ်စစ်မူ ဖော်ဆောင်ဖို့အတွက် မြန်မာပြည်ရဲ့ အားထားရဆုံးသော ခေါင်းဆောင်တယောက် ----- ဒီနေ့ ညနေ ပိုင်းမှာ ရက်စက်၊ ယုတ်မာ၊ ပက်စက်သော လူတစုရဲ့ လက်ချက်ကြောင့် ကျဆုံးသွားရချေပြီ------
ကရင် တမျိုးသားလုံး အတွက်သာမက အမိမြန်မာပြည်အတွက် တန်ဘိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးပါ။ စလုံရေ ---- မင်းနဲ့ အတူ တလောကမှ တိမ်းပါးသွားတဲ့ မင်းအမေ၊ မင်းချစ်တဲ့ ကရင်လူထုနဲ့ အတူ ငါလည်း ထပ်တူ ၀မ်းနည်းကြေကွဲမိပါတယ်၊ မပြီးဆုံးသေးတဲ့ မင်းအဖေ အသက်စွန့်ပေးစပ် ထမ်းရွက်သွားတဲ့ ကရင့်တော်လှန်ရေးအတွက် မင်းရယ်၊ မင်းရဲ့ အမ တို့ နဲ့ အတူ မင်း အဖေ ကိုယ်စား ဆက်လက် ထမ်းရွက်ပါအုံးလို့ တောင်းဆိုချင်ပါတယ် ---- အထွေထွေ အတွင်းရေးမှူး ဖဒို မန်းရှာ ကောင်းရာ သုဂတိ လားပါစေ------