Pages

Sunday, March 9, 2008

ဝိဥာဉ်များ၏ စက်တင်ဘာလ

Download ပြည်တွင်းထုတ် ဒို့ခေတ်ဂျာနယ်

ဂျိုးဖြူ ငှက်တစ်ကောင် လန့်ဖြတ်ပျံပြေး
သံလွင်ခက်ကလေး ကြွေရစ်ခဲ့
တကိုယ်လုံး သွေးတွေလူးကာ
လူသားများစွာက ကကြိုးအတိုင်း
ငိုလာကြတယ်။

ဆတ်ကနဲတုန်ခါသွားတဲ့ ကမ္ဘာကြီးရယ်
မျက်ရည်မြစ်ကို ရပ်တံ့လိုက်တော့
အစာပေးပါ
ရေပေးပါ
အ၀တ်ပေးပါ
အောက်ဆီဂျင်ပေးပါ
အသက်ချမ်းသာပေးပါ
အရေးတကြီး အနူးအညွတ်
ခူးဆွတ်လိုတဲ့
ဒီမိုကရေစီပန်း
တခြမ်းပဲရရပေးပါ

သေချာတယ်
လူ့ဝိဥာဉ်ဆို အဖြူပဲဖြစ်ဖြစ်
အမည်းပဲဖြစ်ဖြစ်
လွပ်လတ်ခွင့်ကို ဆာလောင်တယ်။ ။

ကျော်ကိုကို
ဗကသများအဖွဲ့ချူပ်

(တို့ခေတ်ဂျာနယ်မှ)