Pages

Tuesday, March 18, 2008

ကိုဗမာပြည်သားဆီမှ ကူးယူပြီး ဖြန့်ဝေထားခြင်းပါ....

ဒီမှ ယူပြီးဖြန့်ဝေထားခြင်းပါ.....http://burmapyithar.iblogger.org/?p=92#comment-8



၁၀နှစ်အရွယ် ကလေးငယ်လေးတစ်ဦးက အရွယ်မရောက်သေးတဲ့ သူ့ရဲ့ မောင်ငယ်လေးကိုချီပြီး ဘက်စ်ကား ဂိတ်မှာ ပိုက်ဆံလိုက်တောင်းနေတဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်ခဲ့တာပါ။ ဒီမြင်ကွင်းဟာ ကျွန်တော့အတွက် မနက်တိုင်းမြင်နေရပေမယ့် ဘယ်တော့မှတော့မရိုးသွားပါဘူး။ ဒီလိုမြင်ကွင်းမျိုး မြင်ရရင် ရင်ထဲက ကိုပိုနာလာတယ်။ ဒီအရွယ်ကလေးလေးတွေဟာ စာသင်ခန်းထဲမှာ ရှိရမယ့်အချိန်၊ နွေးထွေးတဲ့ မိဘရဲ့ ရင်ခွင်မှာ ရှိရမယ်အချိန်မှာ အရွယ်နဲ့ မလိုက်အောင်ကို ဒုက္ခတွေ ခံစားနေရတယ်။ ဒီလိုကလေးလေးတွေဟာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့မပြောနဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်ရွှေမြို့တော်ဟောင်းမှာတောင် အများအပြားပါပဲ။ ဒီလိုကလေးလေးတွေရဲ့ အနာဂတ်ဟာ ဘယ်လိုရှိမလဲ…..? နောက်ပြီး သူတို့ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ…? ဒီလိုဖြစ်ရတာဟာရော ဘယ်သူ့မှာတာဝန်ရှိမလဲဗျာ….?