Pages

Thursday, September 27, 2007

‘‘သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများဘေးအန္တရာယ်ကင်းကြပါစေ’’




တပည့်တော် သစ္စာပြုပါသည် ဘုရား။ မြန်မာပြည်အတွက် အထွေထွေငြိမ်းချမ်းစေဖို့ နှင့် အမျိုးသားပြန်လည်သင့်မြတ်ဖို့ မေတ္တာပို့သနေသော ဘုရားသားတော် သံဃာထုအား တရားမဲ့ နအဖ စစ်အာဏာရှင်တို့သည် ယနေ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါသည်ဘုရား။ ထိုစကားသည် မှန်ကန်ပါသည် ဘုရား။ ထိုမှန်ကန်သော စကားကို ဘုရားတပည့်တော်သည် အဆူဆူပွင့်တော်မူခဲ့ကြပြီးသော ဘုရားရှင်ကိုယ်တော်မြတ်တို့အားတိုင်တည် သစ္စာပြုပါသည်။ ထိုမှန်ကန်သော သစ္စာစကားကြောင့် ရက်ပိုင်းအတွင်း ယုတ်မာရက် စက်သော စစ်အာဏာရှင် အစိုးရ ပြုတ်ကျပါစေ သတည်း။ သံဃာထုတောင်းဆိုထားသော အချက်လေးရပ်သည် ချက်ခြင်းလက်ငင်းရက်ပိုင်းအတွင်း ဘေးအန္တရာယ်အသွယ်သွယ် ကင်းရှင်းစွာဖြင့် ရရှိပါစေသတည်း၊ အောင်မြင်ပါစေသတည်း။

http://www.mmedwatch.blogspot.com/ ဒဏ်ရာရသူစာရင်း
reporter: ဦးရှလတ်. အသက်၄၁နှစ် အမှတ်၄၃ ရှင်စောပုလမ်းနေ ခြေသလုံးဒါဏ်ရာရ.
reporter: မြသန်းထိုက် အသက်၂၆နှစ် တောင်ဥက္ကလာပ ခါးအောက်ပိုင်းဒဏ်ရာရ...
reporter: သူရိန်လင်း အသက် ၁၉နှစ် ကျောင်းသား ပထမနှစ် မြန်မာစာ ဒဂုံသက္ကသိုလ် ညာဘက်ရင်အုံ သေနတ်မှန်.
reporter: စင်္ကပူနိုင်ငံသား နာမည်မသိ အသက် ၅၅နှစ် ညာဘက်ရင်အုံ ကျောနောက် ကျည်ဆံပေါက်ထွက်.


(Comment ပေးလာသော ကိုနေမိုး၏အမြင်ကို MMEDWatch မှ ကူးယူပြီးပြန်လည်တင်ပြလိုက်ပါသည်)


မြန်မာနိုင်ငံအတွင်းမှ ငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်များနှင့် ပြည်သူလူထုအပေါင်းကို သတင်းစကား ပါးလိုပါသည်။ ဒီနေ့ ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားသည့် သတင်းမီဒီယာများမှ မြန်မာနိုင်ငံ၏ ယနေ့ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို အနီးကပ် သေချာစောင့်ကြည့်ပြီး နိုင်ငံအသီးသီးက ပြည်သူတွေကို တင်ပြနေပါသည်။

အထူးသဖြင့် ၁၉၈၈ အရေးအခင်း ကာလတုန်းက စစ်တပ်ကနေ ဆန္ဒပြသူ သုံးထောင်ကျော်ကို သတ်ဖြတ်ပြီးနှိမ်နင်းခဲ့တယ်ဆိုတာကို အကျယ်တ၀င့် မီးမောင်းထိုး ထောက်ပြနေကြပါတယ်။ အခုတခါ စစ်တပ်ကနေ သေနတ်ပစ် အကြမ်းဖက်ပြီး နှိမ်နင်းလာပြီဆိုတော့ ၁၉၈၈တုန်းကလိုမျိုး လူတွေ အစုလိုက် အပြုံလိုက် အသတ်မခံရအောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာပြည်သူတွေကို ဘယ်လိုမျိုး ကာကွယ်ပေး ကူညီနိုင်မလဲဆိုတာ အထူးမေးခွန်းတရပ် ဖြစ်လာနေပါပြီ။ ဒါဟာ မြန်မာနိုင်ငံအတွက် ၀မ်းသာအားတက်စရာ မေးခွန်းတရပ်ပါပဲ။ ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ ပြည်သူလူထုတွေဟာ နိုင်ငံတကာရဲ့ နွေးထွေးတဲ့ စိုးရိမ်စောင့်ကြည့်နေမှုအောက်မှာ ရောက်ရှိနေတာပါ။

စစ်တပ်က အာဏာစက်နဲ့ နှိမ်နင်းမယ်လို့ ဆိုပေမယ့် သံဃာထုတရပ်လုံး လက်ရှိကိုင်စွဲထားတဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ပွဲဟာလည်း ဗုဒ္ဓမြတ်စွာဘုရား လမ်းညွှန်ချမှတ်ထားခဲ့တဲ့ ခိုင်မာပြတ်သားတဲ့ ဓမ္မစက် အစစ်အမှန်ပါ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မစက်ကို အာဏာရူးစက်နဲ့ လာတိုက်လို့ မရပါဘူး။ ဒီနေ့ သံဃာထုတွေက သံဃာစစ်မှန်ကြောင်း သစ္စာဆိုပြီး ရပ်တည်ချက်ကို အခိုင်အမာ ထုတ်ဖော်ပြသ နေပါပြီ။ သစ္စာစစ်မှန်ရင် ဘေးဆိုး အန္တရာယ်ဆိုးတွေက အနှောင့်အယှက်ပေး အနိုင်မယူနိုင်ပါဘူး။ သစ္စာစစ် သစ္စာမှန်တို့မည်သည် အကျိုးကျေးဇူးကောင်းတွေကိုသာ ရရှိစေပါတယ်။ ပါရမီဆယ်ပါးထဲမှာ အသက်နှင့် ခန္ဓာကိုယ်ကို ပေးဆပ်ခြင်းက အမြင့်မြတ်ဆုံး တန်ဖိုးအရှိဆုံး ပါရမီဖြည့်ခြင်းပါပဲ။ သာသနာအကျိုး မြန်မာပြည်အကျိုးအတွက် မြင့်မြတ်သော သံဃာတော်များနှင့် ကျောင်းသားပြည်သူတွေ စစ်အစိုးရကို ရဲရင့်စွာ ရင်ဆိုဖို့ အဆင်သင့်ဖြစ်လာနေပါပြီ။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး ပစ်ရင်တည့်တည့်ပစ်တယ်ဆိုတဲ့ ဦးနေ၀င်းတောင် အမြီးကုပ်သွားခဲ့ရသေးတာပဲ အခုစစ်ဗိုလ်တွေကကော ဘာတွေမို့လို့လဲ။

ဒီနေ့ မြန်မာနိုင်ငံမှာ သံဃာထုတရပ်လုံးက ညီညွတ်စွာနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ဆောင်ရွက်နေကြတာဟာ ဗုဒ္ဓဘာသာ ကမ္ဘာပေါ်မှာ တည်တံ့နေသမျှ လေးစားဦးညွှတ်ရမယ့် သမိုင်းပြယုဂ်တခု အဖြစ် တည်ရှိသွားခဲ့ပါပြီ။

ဗုဒ္ဓဘာသာ ဗမာလူမျိုးဆိုပြီး ဂုဏ်ယူဝင့်ကြွားစရာကောင်းတဲ့ မြန်မာနိုင်ငံမှာ အလျှူဒါန ကုသိုလ်တခုခု ပြုပြီးတိုင်း တီးရတဲ့ ကြေးစည်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေတိုင်းမှာ ရှိပါတယ်။ ကြေးစည်သံဟာ နားဝင်ချိုပြီး ကြားရတဲ့သူတွေကို ၀မ်းသာကြည်နူး ပီတိဖြစ်စရာကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ငြိမ်းချမ်းရေး သံစဉ်တခုပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေမှာ ဗုဒ္ဓပူဇေနိယ ဘုရားပူဇော်ခံပွဲတွေမှာ ရပ်ကွက်တကာကိုလှည့်ပြီး ပူဇော်ကန်တော့ရတဲ့ အစဉ်အလာ ဗုဒ္ဓဘာသာမှာ ရှိပါတယ်။

အခုအချိန်လို မြင့်မြတ်စင်ကြယ်လှတဲ့ ဗုဒ္ဓရဲ့ ဓမ္မစက်နဲ့ ရိုင်းစိုင်းယုတ်မာလှတဲ့ လူမိုက်တွေရဲ့ အာဏာရူးစက် ယှဉ်ပြိုင်ထိပ်တိုက်တွေ့လာတဲ့ အခါမှာ သံဃာထုနဲ့ ပြည်သူလူထုတွေဖက်ကနေ ချီတက်ရာတပ်ဦးမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆင်းတုတော် ရုပ်ပွါးတော်တွေကို ဝေါစင်များပေါ်မှာ ခမ်းနားထည်ဝါစွာ ပြင်ဆင်ပြီး ငြိမ်းချမ်းရေး ကြေးစည်သံ တဝေေ၀တီးရင်းနဲ့ သာသနာ့အလံကို မြိုင်မြိုင်ဆိုင်ဆိုင်လွှင့်ထူပြီး မေတ္တာစိတ်အပြည့်အ၀နဲ့ ယှဉ်ဆိုင်မယ်ဆိုရင် အောင်မြင်မှု သေချာပေါက်ရနိုင်ပါတယ်လို့ ယုံကြည့်မိပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ကြေးစည်သံတွေ ချိုလွင်သာယာစွာ အမြန်ဆုံး လွင့်ပျံနေနိုင်ပါစေ။

( to those who are living in Sg: Daw kyaing Kyaing address,, Blk 353#08-311, Cgoa chu Khan, Singapore. Phone: 93396327)