Pages

Sunday, September 30, 2007

‘‘နအဖလုံးဝကျဆုံးတော့မှာပါ၊ ၂၀၀၈ ဟာ ကျနော်တို့ ရဲ့ ဓမ္မတရားရဲ့အောင်ပွဲပါ’’

ကျနော်လုံးဝယုံကြည်တယ်။ သိပ်မကြာခင်မှာ နအဖ လုံးဝပြုတ်ကျတော့မှာပါ။ လုံးဝကျနော်ယုံတယ်။ ဘုရားကိုဖျက်၊ ကျောင်းကိုဖျက်၊ သံဃာကိုသတ်၊ အပြစ်မဲ့ပြည်သူတွေကိုသတ်၊ ရက်ရက်စက်စက်နဲ့ အဓမ္မတရားတွေကို လက်ကိုင်ပြုခဲ့တာအခု ကံတရားက သူတို့ကို ခွင့်မပြုတော့ပါ။ ၂၀၀၈ ခုနှစ်ဟာ ဓမ္မဘက်တော်သားတွေရဲ့အောင်ပွဲပါ။ နအဖ လုံးဝကျဆုံးတော့မည်။ ၂၀၀၈ မှာ ကျနော်တို့ သွေးမြေကျခဲ့တဲ့ သံဃာတော်အရှင်သူမြတ်များ၊ ကျောင်းသားများ၊ ပြည်သူများ အတွက် သာ့သနာ့ အလံ၊ ခွပ်ဒေါင်းအလံတွေကို မြန်မာပြည်မှာ ကျနော်တို့ အောင်လံလွှင့် နိုင်ကြတော့မယ်။ ယုံကျပါ။ နအဖ ကျဆုံးတော့မယ်။ ၂၀၀၈ ခုနှစ်ဟာ ကျနော်တို့ ဓမ္မတရားဘက်တော်သားတွေရဲ့ အောင်ပွဲ။