Pages

Friday, November 16, 2007

စင်္ကာပူရောက် မျိုးချစ်မြန်မာများ ၏ မြန်မာ့အရေးဆွေးနွေးပွဲ

I got it to copy from here: http://burmapyithar.blogspot.com/
စင်္ကာပူရောက်မျိုးချစ်မြန်မာများ ၏ မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုကို 17 ရက်နေ့စနေနေ့မှာ penisula Excelsior Hotel မှာ ညနေ၅နာရီမှ စတင်ကာ ကျင်းပမယ်လို့သိရပါတယ်။ 17 ရက် နေ့ မှ 21 ရက်နေ့ အထိ စင်္ကာပူမှာ ကျင်းပနေတဲ့ အာစီယံ ဆန်းမစ် မှာ အာစီယံအဖွဲ့ဝင်နိုင် ငံတွေ နဲ့ တရုတ်၊ ဂျပန် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံ တွေက ခေါင်း ဆောင်တွေပါ တက်ရောက် ကျမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရွှေ မြန်မာတွေအနေနဲ့လည်း စစ်အစိုးရရဲ့ လူမဆန်တဲ့လုပ်ရက်တွေကို ကမ္ဘာ့ ခေါင်းဆောင်တွေ ရှေ့မှာ ရှုပ်ချနိုင်မယ့် အခွင့်အရေးကို လက်မလွှတ်ပဲ စုံစုံလင်လင် နဲ့ တက်ရောက်ဖို့တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်။ ဒီပွဲဟာတော်တော်လေးထူးခြားပါတယ်။ ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့၊ လမ်းပြကြယ်၊ အိုးဝေ၊ သံလွင်အိမ်မက်၊ ဘားမားအက်ရှင် စင်္ကာပူ၊ concern of burma၊ အခွန်နှစ်ထပ်မပေးဆောင်ရေးအဖွဲ့ နဲ့ burma bloggers အဖွဲ့များအားလုံး စုံညီစွာ စုစည်းပြီးကျင်း ပတဲ့ပွဲ မို့လို့ပါ။ မြန်မာ့ အရေး ဆောင်ရွက်ရာမှာ အားလုံးစည်းလုံးညီညွတ်စွာ စုစည်းဆောင်ရွက်ရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီပန်းတိုင် ဟာမဝေးတဲ့အနာဂတ်မှာရရမှာပါ။

စင်္ကာပူနိုင်ငံရှိမျိုးချစ်မြန်မာများဧ။် မြန်မာ့အရေးဆွေးနွေးပွဲအခမ်းအနား
အခမ်းအနားတည်နေရာ
EXCELSIOR HOTEL ; 5th Flr ( BESIDE PENINSULA PLAZA )


အချိန် ၊ နေ့ရက်
5:30 pm To 8:30 pm, 17th November 2007 (Saturday)



အထူးပန်ကြားချက်


ညနေ ၄း၃၀တွင် ဧည့်ကြိုကောင်တာကို စတင်ဖွင့်လှစ်မည်ဖြစ်ပါ၍ အချိန်မှန်မှန် ကြွရောက်ချီးမြှင့်ကြပါရန်။


အနီရောင်ပြောင်အကျီကို ဦးစားပေးဝတ်ဆင်လာပေးကြပါရန်။


ကြရောက်လာကြသော ဧည့်ပရိတ်သတ်များ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသောအားဖြင့် Camera များ ယူဆောင်လာကြခြင်း မပြုပါရန်နှင့် Handphone များဖြင့်လည်း ရိုက်ကူးခြင်းမပြုကြပါရန