Pages

Saturday, April 23, 2011

မြန်မာပြည်သား မျိုးဆက်သစ် မျိုးဆက်ဟောင်းများအတွက် ဒေါ်အောင်ဆန်းစုကြည်

တချို့က ပြင်းပြင်းထန်နဲ့ လူထုတိုက်ပွဲလိုမျိုး ထပ်ပြီးပုံဖော်ချင်တယ်။ ပြည်သူပြည်သားတွေကလည်း နာပြီးရင်းနာရင်းပဲဆိုတော့ ကြောက်ပြီးရင်း ကြောက်နေကြပြီ။ လက်ရှိအခြေအနေရ ဘယ်ပြည်သူမှ လမ်းပေါ်ထွက်ရဲမှာ မဟုတ်ဘူး။ အရင်လို ထိပ်တိုက်ရင်ဆိုင်ပုံစံမျိုးကို ဒေါ်အောင်ဆန်းစုကြည်ထပ်လုပ်ရင် ဒုတိယမြောက် ဒီပဲယင်းလို ရက်ရက်စက်စက်သတ်ပစ်ဖို့ လုပ်ကြံအုံးမှာပဲ။ သတ်တဲ့လူက ကြံ့ဖွတ်လက်ကိုင်ဒုတ်တွေထဲကပဲ ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်သွားလို့ နိုင်ငံတကာက စစ်ရေးအရ ကူညီလိမ့်မယ် မထင်ကြပါနဲ့။ ပါးစပ်နဲ့ ပဲ condolence letter တွေကိုပဲ ဖောဖောသီသီပေးကြလိမ့်မယ်။ 

စစ်ရေး အရ ဘယ်သူမှ ကူညီမှာမဟုတ်ဘူး။ ကူညီချင်တောင်မှ ကူညီလို့ မရနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တွေ တပုံတပင်ကြီး ရှိနေတယ်။
အမေဒေါ်အောင်ဆန်းစုကြည် လုပ်ဖို့ တိုက်တွန်းသင့်တာက

က--> ဒေသဆိုင်ရာ အရပ်သား အခြေပြု လူထု ခေါင်းဆောင်လူငယ်တွေကို စနစ်တကျမွေးထုတ်သွားဖို့ (မိမိက ရံဖန်ရံခါ ပို့ချနိုင်တဲ့ သင်တန်းလိုမျိုး ဖန်တီးထားသင့်ပါတယ်) (ဒီ ကိစ္စကို ကိုပေါ်ဦး ခေါ် ကိုမင်းကိုနိုင် ပြောသွားခဲ့ပြီးသားပါ။)

ခ--> နိုင်ငံတကာ ပညာရေး၏ ၀ိဇ္ဖာပညာရေး နှင့် သိပံပညာရေးကို လူငယ်တွေအတွက် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်တွေမှာ တက်ရောက်သင်ယူနိုင်အောင် ဦးဆောင် ကွန်ယက် ဖွဲ့သွားဖို့ (ဒီဟာက ကျနော့်အမြင်က အရေးကြီးတယ်။ common sense ပါပဲ။ လူတိုင်း နားလည်ပါတယ်။)

ဂ--> လူထု ကျန်းမာရေး ကိစ္စ တွေပေါ်မှာ အခြေတည်ပြီး ဒေသဆိုင်ရာ လူငယ်ခေါင်းဆောင်တွေ မွေးထုတ်သွားဖို့

ဃ--> လက်ရှိ NLD ခေါင်းဆောင်းပိုင်းနေရာတွေကို မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များနဲ့ တက်ကြွစွာ ပြင်ဆင်ဖွဲ့စည်းဖို့

င--> ရန်သူ မိတ်ဆွေ မခွဲခြားပဲ policy တူရင်ပေါင်းလုပ်နိုင်သော CSO (civil societies) ကွန်ယက်တွေ ဖွဲ့စည်းဖို့

စ--> နယ်တွေကို စည်းရုံးရေး စဆင်းဖို့ (ဒီ ကိစ္စက ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး အတွက် တာဝန်ယူနိုင်တဲ့ သက်ဆိုင်ရာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကြိုတင် အသိပေးထွက်သင့်တယ်၊ သူတို့ဆီက လုံခြုံရေး အကူအညီကို ယူသင့်ရင်၊ ယူရမယ်။ တောင်းသင့်ရင်လည်း တောင်းရမယ်။)

ဆ--> တက်ကြွသော လူငယ်တိုင်းရင်းသား တွေကို NLD ဌာနချူပ်မှာ လက်ခံပြီး၊ စကားပြောဝိုင်းများ ဖန်တီးဖို့

ဇ--> ကြံ့ဖွံ့ပါတီက လွဲလို့ လက်ရှိ အနိုင်ရ ပါတီက ကိုယ်စားလှယ်များနှင့် သူတို့ရဲ့ policy ပိုင်းဆိုင်ရာတွေကို စကားပြောပြီး ဆွေးနွေးကြည့်ဖို့

ဈ--> မဟာဗျူဟာဆိုင်ရာ Strategic Team Network ကို ပြည်တွင်းပြည်ပအတတ်ပညာရှင်များ အပါအ၀င် စတင်ဖွဲ့စည်းဖို့

ဒါတွေ စလုပ်သင့်တယ်လို့ ကျနော်မြင်တယ်။
www.nldburma.org
contact@nldburma.org